back

ရန်ကုန်ရှိ နားမကြားသော ကလေးများကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အကြားအာရုံချို့ယွင်းသည့် ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ ကျောင်းအပ်လက်ခံပေးနေ

Jun 02 • 1:42 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်ရှိ နားမကြားသော ကလေးများကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အကြားအာရုံချို့ယွင်းသည့် ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ ကျောင်းအပ်လက်ခံပေးနေ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ နားမကြားသော ကလေးများကျောင်း (ရန်ကုန်၊ တာမွေမြို့နယ်) တွင် ၂၀၂၆-၂၀၂၇...

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ နားမကြားသော ကလေးများကျောင်း (ရန်ကုန်၊ တာမွေမြို့နယ်) တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အကြားအာရုံချို့ယွင်းအားနည်းသည့် အသက် ၆ နှစ်မှ ၁၈ နှစ်အတွင်းရှိ (လူပျို/အပျို) ကလေးငယ်များကို ဇွန်လ ၁ ရက်မှစတင်ကာ ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း သိရသည်။ ကျောင်းအပ်နှံလိုသူများသည် မိဘ သို့မဟုတ် အုပ်ထိန်းသူကိုယ်တိုင် လာရောက်အပ်နှံရမည်ဖြစ်ပြီး ကလေး၏ ပတ်စ်ပို့ဓာတ်ပုံ၊ မွေးစာရင်း၊ မိဘမှတ်ပုံတင်၊ အိမ်ထောင်စုဇယား၊ ရပ်ကွက်နှင့် ကျန်းမာရေးထောက်ခံချက်များအပြင် နားကြားနှုန်းပြစာရွက် (Audiograph dB) တို့ လိုအပ်မည်ဖြစ်သည်။ အဆိုပါကျောင်းတွင် စာပေပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို ကျောင်းဝင်ကြေးနှင့် ကျောင်းလခပေးရန်မလိုဘဲ အခမဲ့တက်ရောက်ခွင့်ရရှိမည့်အပြင်၊ ဝေးလံခက်ခဲသောဒေသများမှ လာရောက်သည့် ကျောင်းသား၊ ကျောင်းသူများအတွက် စားသောက်နေထိုင်ရေးစရိတ်ကိုလည်း နိုင်ငံတော်က အပြည့်အဝတာဝန်ယူ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

23