back

ရန်ကုန်မြို့၊ ထောက်ကြန့်တွင် ယာဉ်မောင်းလိုင်စင်စစ်ဆေးရေးရုံးခွဲသစ် ဇွန်လ ၈ ရက်၌ စတင်ဖွင့်လှစ်မည်

Jun 02 • 1:39 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့၊ ထောက်ကြန့်တွင် ယာဉ်မောင်းလိုင်စင်စစ်ဆေးရေးရုံးခွဲသစ် ဇွန်လ ၈ ရက်၌ စတင်ဖွင့်လှစ်မည်

ရန်ကုန်မြို့၊ ထောက်ကြန့်တွင် ယာဉ်မောင်းလိုင်စင်စစ်ဆေးရေးရုံးခွဲတစ်ခုကို လာမည့် ဇွန်လ ၈ ရက်နေ့မှ စတင်ကာ တိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအ...

ရန်ကုန်မြို့၊ ထောက်ကြန့်တွင် ယာဉ်မောင်းလိုင်စင်စစ်ဆေးရေးရုံးခွဲတစ်ခုကို လာမည့် ဇွန်လ ၈ ရက်နေ့မှ စတင်ကာ တိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မောင်းလိုင်စင် ဖြေဆိုလိုသူများအတွက် ဝန်ဆောင်မှုများ ပိုမိုမြန်ဆန်ချောမွေ့စေရန် ရည်ရွယ်၍ ထိုသို့ စီစဉ်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ (ရွာသာကြီး) ၌ Online Booking စနစ်ဖြင့် ယာဉ်မောင်းလိုင်စင် စစ်ဆေးထုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသော်လည်း ယခုအခါ လာရောက်ဖြေဆိုသူ ဦးရေ အဆမတန် များပြားလာသည်ဟုလည်း ဆိုသည်။ထို့ကြောင့် ပြည်သူများ အချိန်ကုန်သက်သာစေရန် ယခုကဲ့သို့ ရုံးခွဲသစ်ကို တိုးချဲ့ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

news-view-count-icon

38