ဂုတ်ထိပ် တံတားကြီး၏ ရှုခင်းကြည့်ရထားခရီးစဉ်အား ခရီးသွားများ ပိုမိုသိရှိနိုင်ရန်၊ ဧည့်သည်များပိုမိုလာရောက်လည်ပတ်နိုင်ရန် ဖြစ်နိုင်သမျှ ဘက်ပေါင်းစုံ/နည်းလမ်း ပေါင်းစုံဖြင့်ကြော်ငြာပေးရန် လိုအပ်ကြောင်း ဟိုတယ်၊ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး က ပြောသည်။ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်မြို့ရှိ ခရီးသွားဆွဲဆောင်ရာနေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခြင်း ဖြစ်သည်။ထို့အပြင် ခရီးစဉ်တစ်လျှောက်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေးနှင့် အမှိုက်ကင်းစင် နေရာတစ်ခုဖြစ်အောင်ဆောင်ရွက်ကြပြီး ရထားလမ်းကြံ့ခိုင်မှုရှိမရှိ အစဉ်အမြဲစစ်ဆေးခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းအောင်ဆောင်ရွက်ရေးတို့ကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ဂုတ်ထိပ် တံတားကြီး၏ ရှုခင်းကြည့်ရထားခရီးစဉ်အား ခရီးသွားများ ပိုမိုသိရှိနိုင်ရန် ဆောင်ရွက်စေလိုကြောင်း ဒုဝန်ကြီး ပြော
Jun 02 • 12:58 PM
မြန်မာ
ရှမ်း
မျှဝေမည်
| 25 | 0 | 0 | 0 |


