သီပေါမြိုနယ်တွင် လျှပ်စစ်မီး မည်သည့်အချိန်မှာ ရရှိနိုင်မည့် အခြေအနေနှင့်ပတ်သက်ပြီး
သီပေါမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးကောင်းထက်စံက ယနေ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းဝေး ပထမနေ့တွင် မေးခွန်းမေးမြန်းခဲ့ခြင်း ဖြစ်သည်။“၂၀၂၃ ကစပြီး နယ်မြေမတည်ငြိမ်မှုနဲ့ ပြည်တွင်း ပဋိပက္ခဖြစ်ပွားခဲ့တယ်။ လျှပ်စစ်ဓါတ်အားလည်း ပြတ်တောက်ခဲ့ရပါတယ်၊ လျှပ်စစ်မီးမရရှိတာဟာ သုံးနှစ်နီးပါး ရှိပြီးဖြစ်ပါတယ်။ မီးမရတော့တာကြောင့် ဒေသတွင်းမှာ ကျန်းမာရေး၊ ပညာရေး ဆက်သွယ်ရေးတွေမှာ အင်မတန် ခက်ခဲခဲ့တယ်” ဟု မေးခွန်းမေးမြန်းစဉ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးကောင်းထက်စံက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ထိုပြင် လျှပ်စစ်မီးမရရှိခြင်းကြောင့် သီပေါမြို့နယ်တွင် ဖုန်းပြောနိုင်ရန် တစ်ရက်ကို ကျပ်ငွေ သိန်း ၁၁၀ ခန့် ဆီဖိုးကုန်ကျနေကြောင်းလည်း ပြောကြားခဲ့သည်။


