back

AYA Tri Nation Cup 2026 ပြိုင်ပွဲအပြီး ပွဲကြည့်ပရိသတ်များ ညအိမ်အပြန်အဆင်ပြေစေရန် YBS ယာဉ် (၂၅) စီး ပြေးဆွဲပေးမည်

Jun 02 • 12:53 PM

breaking-news

မြန်မာ

ရန်ကုန်

cover

AYA Tri Nation Cup 2026 ပြိုင်ပွဲအပြီး ပွဲကြည့်ပရိသတ်များ ညအိမ်အပြန်အဆင်ပြေစေရန် YBS ယာဉ် (၂၅) စီး ပြေးဆွဲပေးမည်

ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ကျင်းပပြုလုပ်မည့် AYA Tri Nation Cup 2026 ပြိုင်ပွဲသို့ လာရောက်ကြည့်ရှုအားပေးကြမည့် ပွဲကြည့်ပရိသတ်များ ပွဲအပြီး ညဘက်အိမ်အပြန်ခရီးတွင်...

ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ကျင်းပပြုလုပ်မည့် AYA Tri Nation Cup 2026 ပြိုင်ပွဲသို့ လာရောက်ကြည့်ရှုအားပေးကြမည့် ပွဲကြည့်ပရိသတ်များ ပွဲအပြီး ညဘက်အိမ်အပြန်ခရီးတွင် သွားလာရေး အဆင်ပြေချောမွေ့စေရန်အတွက် အထူးအစီအစဉ်အဖြစ် YBS မော်တော်ယာဉ် (၂၅) စီးဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ဘောလုံးပွဲအပြီး ည (၇) နာရီခွဲအချိန်တွင် မော်တော်ယာဉ်များ စတင်ထွက်ခွာပေးမည်ဖြစ်ကာ မိမိတို့စီးနင်းလိုသည့် လမ်းကြောင်းအလိုက် သတ်မှတ်ထားသော ဂိတ်ပေါက်များအနီးတွင် အလွယ်တကူ စီးနင်းနိုင်ရန် စီစဉ်ထားရှိကြောင်း အသိပေးထားသည်။ပြေးဆွဲပေးရာတွင် လမ်းကြောင်းအုပ်စု (၅) စုခွဲ၍ ယာဉ်လိုင်းတစ်စုလျှင် (၅) စီးစီဖြင့် စုစုပေါင်း ယာဉ်အစီးရေ (၂၅) စီး ပြေးဆွဲပေးသွားမည်ဖြစ်သည်။

news-view-count-icon

28