ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်အသင်း၏ လန်ဒန်မြို့လှည့် အောင်ပွဲခံအခမ်းအနားအတွင်း ဆိုးသွမ်းသူအချို့ကြောင့် လူ ၆ ဦး ဓားထိုးခံခဲ့ရပြီး ပြစ်မှုကျူးလွန်သူ ၂၄ ဦးအထိ ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့ (Metropolitan Police) က ထုတ်ပြန်ပြောကြားခဲ့သည်။ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် ၎င်းအောင်ပွဲခံပွဲ၌ လုံခြုံရေးအတွက် ရဲနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၅၀၀ ကျော် ချထားခဲ့သော်လည်း ယခုကဲ့သို့ မလိုလားအပ်သော ဖြစ်ရပ်များ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ဓားထိုးခံရသူ အများစုမှာ ပြင်းထန်သော ဒဏ်ရာရရှိခြင်းမရှိသော်လည်း Hornsey Road လမ်းပေါ်တွင် ဓားထိုးခံရသည့် အသက် ၂၀ ကျော် အမျိုးသားတစ်ဦးမှာမူ ဆေးရုံသို့ အရေးပေါ် တင်ပို့ကုသခဲ့ရပြီး လက်ရှိတွင် အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ကြောင်း သိရသည်။ ထို့ပြင် အခင်းဖြစ်ပွားရာ ဝန်းကျင်၌ တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးတွင် လက်ပြတ်ရှဒဏ်ရာရရှိခဲ့ကာ အခြားရဲတပ်ဖွဲ့ဝင်တစ်ဦးမှာလည်း ဦးခေါင်းကို အရာဝတ္ထုတစ်ခုဖြင့် ပစ်ပေါက်ခြင်း ခံခဲ့ရသည်။
အာဆင်နယ်အသင်း၏ မြို့လှည့်အောင်ပွဲခံပွဲ၌ ဆိုးသွမ်းသူများကြောင့် ၆ ဦး ဓားထိုးခံရပြီး ရဲကားများ ပျက်စီးကာ ၂၄ ဦး ဖမ်းဆီးခံရ
Jun 02 • 12:52 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 32 | 0 | 0 | 0 |


