အာဆင်နယ်အသင်း၏ ပြင်သစ်လက်ရွေးစင်နောက်ခံလူ ဆာလီဘာသည် ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်ကတည်းက ခံစားနေရသည့် ကျောဒဏ်ရာကြောင့် လာမည့်ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်ရဖွယ် ရှိနေကြောင်း သိရသည်။ သက်တမ်းရင့်နောက်ခံလူ ဆာလီဘာ (၂၅ နှစ်) သည် တနင်္လာနေ့တွင် ၎င်း၏ဒဏ်ရာကို အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး၊ ယခုရာသီတွင် အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၆၃ ပွဲအထိ အားထားကစားပေးခဲ့ရသူဖြစ်၍ ၎င်းသာ ကမ္ဘာ့ဖလားလွဲချော်ပါက ရေပန်းအစားဆုံး ပြင်သစ်အသင်းအတွက် ကြီးမားသော နစ်နာမှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။ ပြင်သစ်အသင်း၏ ခံစစ်ပိုင်းတွင် ဒစ်ဂ်နေး၊ ဂူစတို၊ လူးကပ်စ်ဟာနန်ဒက်ဇ်၊ သီယိုဟာနန်ဒက်ဇ်၊ ကိုနာတေ၊ ခွန်ဒဲ၊ လာခရော့နှင့် အူပါမယ်ကာနို စသည့် နောက်ခံလူများကို ရွေးချယ်ထားပြီး၊ ကမ္ဘာ့ဖလားအုပ်စု (I) တွင် ဆီနီဂေါ၊ အီရတ်၊ နော်ဝေအသင်းတို့နှင့်အတူ အုပ်စုတွင်း ကျရောက်နေကြောင်း သိရသည်။
Jun 02 • 12:50 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 33 | 0 | 0 | 0 |


