မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ယှဉ်ပြိုင်မည့် ၂၀၂၆ သုံးနိုင်ငံ ချစ်ကြည်ရေးဖိတ်ခေါ်ပြိုင်ပွဲကို ဇွန်လ ၃ ရက်မှ ၉ ရက်အထိ ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်း၌ ညနေ ၅ နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ရာ ပြည်တွင်းအခမဲ့ရုပ်သံလိုင်းဖြစ်သည့် Readers Channel နှင့် Pyone Play Sports Youtube Channel တို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာအသင်း၊ ထိုင်းအသင်းနှင့် ဥဇဘက်ကစ္စတန်အသင်းတို့ အုပ်စုပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး၊ မြန်မာအသင်းသည် ဇွန် ၃ ရက်တွင် ဥဇဘက်ကစ္စတန်၊ ဇွန် ၉ ရက်တွင် ထိုင်းအသင်းတို့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် အဆိုပါပြိုင်ပွဲအတွက် ပွဲကြည့်လက်မှတ်များကို အထူးတန်း ကျပ် ၅,၀၀၀၊ ရိုးရိုးတန်း ကျပ် ၂,၀၀၀ သတ်မှတ်၍ အွန်လိုင်းနှင့် MFF ရုံးရှေ့တို့တွင် ရောင်းချပေးနေပြီဖြစ်သည်။
မြန်မာအမျိုးသမီးအသင်း ယှဉ်ပြိုင်မည့် (၃) နိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲကို ဇွန် ၃ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး Readers Channel မှ တိုက်ရိုက်ထုတ်လွှင့်မည်
Jun 02 • 12:48 PM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 36 | 0 | 0 | 0 |


