ပဲခူးမြို့၊ ရွှေမော်ဓောဘုရားပွဲတွင် မွန်လူမျိုးများအပေါ် "တလိုင်း" ဟု သုံးနှုန်းပျက်လုံးထုတ်ခဲ့သည့် အောင်ဇဗ္ဗူဇာတ်အဖွဲ့ကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု ထိခိုက်စေနိုင်ခြင်းကြောင့် ပြင်းထန်စွာ သတိပေးစာ ထုတ်ပြန်လိုက်ကြောင်း ရာမညတိုင်းမ်သတင်းအေဂျင်စီအရ သိရသည်။ အဆိုပါ သုံးနှုန်းမှုနှင့်ပတ်သက်၍ ဝန်ကြီးဌာနက ၁၉၅၈ ခုနှစ်ကတည်းက "တလိုင်း" အသုံးအနှုန်းကို ရပ်စဲကာ "မွန်" ဟုသာ အထူးဂရုပြုသုံးစွဲရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း ထောက်ပြထားပြီး၊ နောက်နောင် ကပြဖျော်ဖြေမှုများတွင် တိုင်းရင်းသားအချင်းချင်း မုန်းတီးခြင်းနှင့် စိတ်ဝမ်းကွဲခြင်း ဖြစ်ပေါ်စေမည့် အပြုအမူများကို ရှောင်ကြဉ်ရန် သတိပေးခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) အနေဖြင့်လည်း အခြားဇာတ်သဘင်အဖွဲ့များထံ ထပ်ဆင့်အသိပေးနှိုးဆော်သွားရန် ဝန်ကြီးဌာနက တိုက်တွန်းထားကြောင်း သိရသည်။
မွန်လူမျိုးများအပေါ် "တလိုင်း" ဟု သုံးနှုန်းခဲ့သည့် အောင်ဇဗ္ဗူဇာတ်အဖွဲ့ကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက ပြင်းထန်စွာသတိပေး
Jun 02 • 12:47 PM
မြန်မာ
မွန်
မျှဝေမည်
| 28 | 0 | 0 | 0 |


