မြန်မာ-ရုရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများကြား သတင်းနှင့် မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအတွက်ဆွေးနွေးပွဲကို မေ ၂၈ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဲခေါင်-လန်ချန်း အဆောက်အဦ၌ ကျင်းပခဲ့သည်။ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ ပုံရိပ်ကို နိုင်ငံတကာသို့မှန်ကန်စွာထင်ဟပ်တင်ပြနိုင်ရေး၊ နိုင်ငံခြားရေးဝန်ကြီးဌာနအချင်းချင်းကြားသာမက မီဒီယာကဏ္ဍအချင်းချင်းကြားတွင်ပါ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ပြည်သူ့သံခင်းတမန်ခင်းနှင့် အများပြည်သူဆိုင်ရာ သတင်းမီဒီယာတင်ဆက်မှုကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ထို့ပြင် နောက်ဆုံးပေါ် နည်းပညာများအသုံးပြု၍ ဖန်တီးဖြန့်ဝေနေသော သတင်းတု၊ သတင်းမှားများတိုက်ဖျက်ရေးကိုလည်းအလေးထားဆွေးနွေးခဲ့ကြသည်။
မြန်မာ-ရုရှားနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများကြား သတင်းနှင့် မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်မည်
Jun 02 • 12:42 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 32 | 0 | 0 | 0 |


