back

မြို့နယ်များအလိုက် ကျောင်းအပ်နှံမှုရာခိုင်းနှုန်းတိုး တက်စေရေးအလေးထားဆောင်ရွက်ရန် ပဲခူးတိုင်း‌ဒေသဝန်ကြီးချုပ်မှာကြား

Jun 02 • 12:20 PM

breaking-news

မြန်မာ

ပဲခူး

cover

မြို့နယ်များအလိုက် ကျောင်းအပ်နှံမှုရာခိုင်းနှုန်းတိုး တက်စေရေးအလေးထားဆောင်ရွက်ရန် ပဲခူးတိုင်း‌ဒေသဝန်ကြီးချုပ်မှာကြား

ပဲခူးတိုင်းဒေသအတွင်းရှိ မြို့နယ်များအလိုက် ကျောင်းအပ်နှံမှုရာခိုင်းနှုန်းတိုးတက်စေရေးအလေးထားဆောင်ရွက်ရန် ပဲခူးတိုင်းဒေသ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ဇွန် ၁ ရက်တ...

ပဲခူးတိုင်းဒေသအတွင်းရှိ မြို့နယ်များအလိုက် ကျောင်းအပ်နှံမှုရာခိုင်းနှုန်းတိုးတက်စေရေးအလေးထားဆောင်ရွက်ရန် ပဲခူးတိုင်းဒေသ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ဇွန် ၁ ရက်တွင်ကျင်းပသည့် ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံမှုရာခိုင်နှုန်းများတိုးတက်မြင့်မားစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ မှာကြားခဲ့ခြင်းဖြစ် သည်။မြို့နယ်များအလိုက် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုရာခိုင်းနှုန်းတိုးတက်မြင့်မားစေရေးအတွက် သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ ရပ်မိ/ရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပေါင်းစပ်ဆောင်ရွက်ရန် မှာကြားသည်။ကျောင်းအပ်နှံမှုနှင့် ကျောင်းတက်ရောက်နေမှု အခြေ အနေများကိုတင်ပြရန်၊ လိုအပ်ချက်များရှိပါက ချက်ခြင်းဖြေရှင်းပေးမည်ဟုလည်း တိုင်းဝန်ကြီးချုပ်ကပြောကြားခဲ့သည်။

news-view-count-icon

24