ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ မေလ ဒုတိယပတ်မှစတင်ကာ ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်လာကြသော်လည်း၊ နေအိမ်နှင့် ခြံဝန်းများ သန့်ရှင်းရေးနှင့် ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် နေ့စားအလုပ်သမားများ အလွန်ရှားပါးနေကြောင်း သိရသည်။ ဖလမ်းမြို့အနီးတစ်ဝိုက် ကျေးရွာများမှ ဒေသခံများပါ နေရပ်စွန့်ခွာသွားကြခြင်းနှင့် မြို့ပေါ်ပြန်ရောက်လာသူများကလည်း မိမိတို့အိမ်ခြံမြေများကို ကိုယ်စီပြုပြင်နေကြရခြင်းကြောင့် အလုပ်သမားလိုအပ်ချက် မြင့်မားနေခြင်း ဖြစ်သည်။ လက်ရှိတွင် လက်သမားတစ်ဦးလျှင် တစ်ရက်လုပ်အားခ ကျပ် ၃၀,၀၀၀ မှ ၃၅,၀၀၀ ကြားနှင့် နေ့စားအလုပ်သမားတစ်ဦးလျှင် ကျပ် ၂၀,၀၀၀ မှ ၂၅,၀၀၀ ကြား ပေးချေရသော်လည်း လိုအပ်သည့် လူအင်အား မလုံလောက်သေးဘဲ အစိုးရဌာနဆိုင်ရာများတွင်လည်း အလုပ်သမားလိုအပ်မှုများ ရှိနေကြောင်း သိရသည်။ ဖလမ်းမြို့ကို ပြီးခဲ့သည့် မေလ ၂၀ ရက်ဝန်းကျင်မှစ၍ ဒေသခံအများစုမှာ နေရပ်သို့ ပြန်လည်ဝင်ရောက်လာခြင်း ဖြစ်သည်။
Jun 02 • 7:16 AM
မြန်မာ
ချင်း
မျှဝေမည်
| 28 | 0 | 0 | 0 |


