ကဗျာဆရာနှင့် ရုပ်ရှင်ဒါရိုက်တာဖြစ်သူ မင်းထင်ကိုကိုကြီးသည် ဇွန်လ ၂ ရက် (ယနေ့) နံနက် ၇ နာရီခန့်တွင် အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်သွားကြောင်း ရန်ကုန်ကဗျာဆရာအသိုင်းအဝိုင်းထံမှ သိရသည်။၎င်း ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ် ရှိပြီဖြစ်ပါသည်။ကဗျာဆရာ မင်းထင်ကိုကိုကြီးသည် ကျန်းမာရေးချို့တဲ့နေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့က ၎င်း၏လူမှုကွန်ရက်စာမျက်နှာထက်တွင် ကျန်းမာရေးကြောင့် ဖေ့စ်ဘွတ်ခ်နှင့် ခဏဝေးကွာနေခဲ့ရသည့်အကြောင်း နောက်ဆုံးစာစုကို ရေးသားခဲ့သေးပါသည်။ ၎င်းကွယ်လွန်မှုအပေါ် ရန်ကုန်စာပေနှင့် အနုပညာအသိုင်းအဝိုင်းမှ လုပ်ဖော်ကိုင်ဖက်များက နှမြောတသဖြစ်ရကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ဝမ်းနည်းစကားများ ရေးသားဖော်ပြလျက်ရှိကြသည်။
Jun 02 • 6:33 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 35 | 0 | 0 | 0 |


