back

မန္တလေးမြို့ရှိ ဘုရားစေတီများတွင် အခါကြီး ရက်ကြီးများမှလွဲ၍ သာမန်နေ့များ၌ ဘုရားဖူးလာရောက်သူ နည်းပါးနေ

Jun 02 • 4:23 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးမြို့ရှိ ဘုရားစေတီများတွင် အခါကြီး ရက်ကြီးများမှလွဲ၍ သာမန်နေ့များ၌ ဘုရားဖူးလာရောက်သူ နည်းပါးနေ

မန္တလေးမြို့ရှိ နာမည်ကျော် သမိုင်းဝင် ဘုရားစေတီပုထိုးများတွင် နေ့ထူးနေ့မြတ်များနှင့် အခါကြီးရက်ကြီးရက်များမှလွဲ၍ သာမန်ရက်များ၌ အခြားဒေသမှ ဘုရားဖူးလာရောက်သူ အလွန...

မန္တလေးမြို့ရှိ နာမည်ကျော် သမိုင်းဝင် ဘုရားစေတီပုထိုးများတွင် နေ့ထူးနေ့မြတ်များနှင့် အခါကြီးရက်ကြီးရက်များမှလွဲ၍ သာမန်ရက်များ၌ အခြားဒေသမှ ဘုရားဖူးလာရောက်သူ အလွန်နည်းပါးနေကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းသို့ နည်းပါးသွားရခြင်းမှာ နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှု မရှိခြင်းနှင့် လုံခြုံရေးအရ ခရီးသွားလာရေး အခက်အခဲများ ရှိနေခြင်းတို့ကြောင့်ဖြစ်ပြီး၊ အထူးသဖြင့် မန္တလေးတောင်နှင့် ရန်ကင်းတောင်ကဲ့သို့ နေရာများတွင် သာမန်ရက်၌ လူသွားလူလာ မရှိသလောက် နည်းပါးသွားကြောင်း သိရသည်။ ယခင်က နေ့စဉ်စည်ကားခဲ့သည့် မန္တလေးမြို့ရှိ ဘုရားစုံအနက် နောက်ပိုင်းတွင် မဟာမြတ်မုနိဘုရားကြီး၊ ကုသိုလ်တော်ဘုရားနှင့် အောင်တော်မူဘုရားတို့၌သာ ဘုရားဖူး ဝင်ရောက်မှု အနည်းငယ်ရှိတော့သည်။ ထို့ပြင် ဘုရားနီ၊ အရိပ်မထွက်နှင့် စန္ဒာမုနိစေတီ အပါအဝင် ရှေးဟောင်းဘုရားအချို့မှာ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရပြီးနောက် ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးသည့်အတွက်လည်း ဘုရားဖူး ဝင်ရောက်မှု မရှိတော့ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

34