back

မွန်ပြည်နယ် အစွန်းအဖျားနှင့် ပဋိပက္ခဒေသရှိ စာသင်ကျောင်းများတွင် ဆရာ၊ ဆရာမ လိုအပ်ချက် မြင့်မားနေ

Jun 02 • 3:20 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ် အစွန်းအဖျားနှင့် ပဋိပက္ခဒေသရှိ စာသင်ကျောင်းများတွင် ဆရာ၊ ဆရာမ လိုအပ်ချက် မြင့်မားနေ

မွန်ပြည်နယ်၌ ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အစွန်အဖျားကျေးရွာများနှင့် ပဋိပက္ခဖြစ်ပွားရာ ဒေသရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်လာသော်လည်း ဆရာ၊ ဆရာမ အင်အား ...

မွန်ပြည်နယ်၌ ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အစွန်အဖျားကျေးရွာများနှင့် ပဋိပက္ခဖြစ်ပွားရာ ဒေသရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်လာသော်လည်း ဆရာ၊ ဆရာမ အင်အား လုံလောက်မှုမရှိဘဲ ဖြစ်နေကြောင်း ပညာရေးဝန်ထမ်းများထံမှ သိရသည်။ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာရှိ အ.မ.က (ကုန်ဖြူ) တွင် ကျောင်းသား ၃၀၀ ကျော်ရှိသော်လည်း ကျောင်းအုပ်နှင့် လက်ထောက်ဆရာမ တစ်ဦးသာရှိပြီး၊ အ.မ.က (တပ်မှူးချောင်) တွင်လည်း ကျောင်းအုပ်နှင့် ဆရာမတစ်ဦးသာ ရှိခြင်းကြောင့် သင်ကြားရေးတွင် အခက်အခဲများစွာ ဖြစ်ပေါ်လျက်ရှိသည်။ ယင်းသို့ လုပ်ငန်းခွင်တာဝန်ပိမှုများကြောင့် ဆရာ၊ ဆရာမများ အလုပ်ထွက်နှုန်း ပိုမိုများပြားလာနိုင်ကြောင်း ဒေသခံများက ဆိုသည်။ထို့ပြင် မိုင်းရှင်းလင်းရေးလုပ်ဆောင်ပြီးမှ ပြန်လည်ဖွင့်လှစ်သည့် ကျိုက်မရောမြို့နယ်အတွင်းရှိ ကျောင်းများတွင်လည်း အသစ်ခန့်အပ်ထားသည့် ဆရာ၊ ဆရာမများ ရောက်ရှိမလာသေးသဖြင့် တစ်ကျောင်းလျှင် အနည်းဆုံး ၅ ဦးခန့် လိုအပ်နေဆဲဖြစ်သည်။ ၂၀၂၁ ခုနှစ်နောက်ပိုင်း နယ်မြေမငြိမ်မသက်မှုများကြောင့် ဝေးလံသည့်ဒေသများသို့ သွားရောက်ရန် စိုးရိမ်ခြင်း၊ မြို့ပေါ်ကျောင်းများသို့ ပြောင်းရွှေ့မှုများပြားခြင်းတို့ကြောင့် ဆရာအင်အား ယခုကဲ့သို့ နည်းပါးသွားခြင်း ဖြစ်သည်။ လက်ရှိတွင် အဆိုပါ ဆရာ၊ ဆရာမ လိုအပ်ချက်ပြဿနာများကို သက်ဆိုင်ရာဝန်ကြီးထံ တိုက်ရိုက်တင်ပြ ဆွေးနွေးသွားရန် ပြင်ဆင်နေကြောင်း သိရသည်။

news-view-count-icon

17