back

ကချင်ပြည်နယ်၊မြစ်ကြီးနား-မန္တလေးလမ်းပိုင်း ကျောက်ကြမ်းခင်းနေသဖြင့် ကုန်ကားကြီးများ မကြာမီ ပြန်လည်ဖြတ်သန်းနိုင်တော့မည်

Jun 02 • 3:18 AM

breaking-news

မြန်မာ

ကချင်

cover

ကချင်ပြည်နယ်၊မြစ်ကြီးနား-မန္တလေးလမ်းပိုင်း ကျောက်ကြမ်းခင်းနေသဖြင့် ကုန်ကားကြီးများ မကြာမီ ပြန်လည်ဖြတ်သန်းနိုင်တော့မည်

ကချင်ပြည်နယ် ကုန်သွယ်ရေးအတွက် အရေးပါသည့် မြစ်ကြီးနား-မန္တလေးလမ်းပိုင်းပေါ်ရှိ ရင်ကွဲတောင် ထီးချိုင့်ဘက်ခြမ်း အတက်လမ်းတွင် ကသာခရိုင် လမ်းဦးစီးအဖွဲ့က ကျောက်ကြမ်းမ...

ကချင်ပြည်နယ် ကုန်သွယ်ရေးအတွက် အရေးပါသည့် မြစ်ကြီးနား-မန္တလေးလမ်းပိုင်းပေါ်ရှိ ရင်ကွဲတောင် ထီးချိုင့်ဘက်ခြမ်း အတက်လမ်းတွင် ကသာခရိုင် လမ်းဦးစီးအဖွဲ့က ကျောက်ကြမ်းများ စနစ်တကျ ခင်းကျင်းပြင်ဆင်ပေးနေကြောင်း သိရသည်။ အဆိုပါ လမ်းပြင်ဆင်မှုလုပ်ငန်းများ ပြီးစီးပါက လက်ရှိ ပိတ်မိနေသော ၁၂ ဘီး ကုန်တင်ကားကြီးများအားလုံး မကြာမီရက်ပိုင်းအတွင်း ဆွဲထွန်စက် အကူအညီမလိုဘဲ အဆင်ပြေချောမွေ့စွာ ပြန်လည်တက်လှမ်း မောင်းနှင်နိုင်ကြတော့မည် ဖြစ်သည်။ယခုကဲ့သို့ ကုန်ကားကြီးများ လမ်းကြောင်းပေါ်တွင် အဆက်မပြတ် ပြန်လည်စီးဆင်းသွားလာနိုင်တော့မည် ဖြစ်သည့်အတွက် ကချင်ပြည်နယ်အတွင်း ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်နိုးထလာပြီး ပြည်သူများ ကြုံတွေ့နေရသည့် ဓာတ်ဆီ၊ ဘိလပ်မြေနှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများလည်း သိသိသာသာ ပြန်လည်ကျဆင်းလာနိုင်မည်ဟု မျှော်လင့်ရသည်။ ထို့ပြင် လမ်းမပေါ်ရှိ ဂိတ်များကလည်း ယာဉ်များ အဆင်ပြေချောမွေ့စေရန် မြန်နှုန်းမြင့် ဝန်ဆောင်မှုများဖြင့် ကူညီလုပ်ဆောင်ပေးသွားမည်ဖြစ်ရာ၊ ရာသီဥတုဆိုးရွားမှုကြားမှ အင်တိုက်အားတိုက် လမ်းခင်းပြုပြင်ပေးနေသော လမ်းဦးစီးအဖွဲ့အား ခရီးသွားများနှင့် ကားဆရာများက ကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

28