back

မွန်ပြည်နယ်၊ရေးမြို့နယ် ဟံဂံကျေးရွာတွင် ဂတ်စ်အိုးပေါက်ကွဲမှုကြောင့် နှစ်ထပ်နေအိမ်တစ်အိမ် မီးလောင်ပြာကျ

Jun 02 • 3:16 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်၊ရေးမြို့နယ် ဟံဂံကျေးရွာတွင် ဂတ်စ်အိုးပေါက်ကွဲမှုကြောင့် နှစ်ထပ်နေအိမ်တစ်အိမ် မီးလောင်ပြာကျ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဟံဂံကျေးရွာ (၁၃) ရပ်ကွက်တွင် ဇွန်လ ၂ ရက် (ယနေ့) ညနေ ၆ နာရီ ၅၅ မိနစ်ဝန်းကျင်က ထမင်းဟင်းချက်ပြုတ်နေစဉ် ဂတ်စ်အိုးပေါက်ကွဲမှုဖြစ်ပွားပြီး ...

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဟံဂံကျေးရွာ (၁၃) ရပ်ကွက်တွင် ဇွန်လ ၂ ရက် (ယနေ့) ညနေ ၆ နာရီ ၅၅ မိနစ်ဝန်းကျင်က ထမင်းဟင်းချက်ပြုတ်နေစဉ် ဂတ်စ်အိုးပေါက်ကွဲမှုဖြစ်ပွားပြီး နှစ်ထပ်နေအိမ်တစ်အိမ် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မီးလောင်မှုဖြစ်ပွားချိန်တွင် အိမ်အတွင်း လူတစ်ဦးရှိနေသော်လည်း ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘဲ ဘေးပတ်ဝန်းကျင်ရှိ ဓနိမိုး၊ သက်ငယ်မိုးအိမ်များသို့ မီးမကူးစက်စေရန် အမိုးများကို ဝိုင်းဝန်းဖျက်ဆီးကာ ကာကွယ်ခဲ့ရသည်။အဆိုပါ မီးလောင်မှုကို ရေးမြို့နယ်သန္ဓေမီးသတ်တပ်ဖွဲ့၊ ရန်ကြီးအောင်နှင့် အောင်မင်္ဂလာ အရန်မီးသတ်တပ်ဖွဲ့များ၊ လူမှုကူညီရေးပရဟိတအဖွဲ့များနှင့် ဒေသခံပြည်သူများ စုပေါင်းငြှိမ်းသတ်ခဲ့ကြရာ ည ၈ နာရီအချိန်တွင် မီးလုံးဝငြိမ်းသွားခဲ့သည်။ ဂတ်စ်အိုးပေါက်ကွဲသည့် နှစ်ထပ်နေအိမ်မှာ လုံးဝမီးလောင်ပြာကျသွားခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် အခြားအိမ်များသို့ မီးကူးစက်လောင်ကျွမ်းခြင်းမရှိဘဲ တားဆီးနိုင်ခဲ့ကြောင်း သိရသည်။

news-view-count-icon

20