မွန်ပြည်နယ်တွင် ရထားဖြင့် ခရီးသွားလာသည့် ပြည်သူ ပိုမိုများပြားလာသဖြင့် မော်လမြိုင်-ရန်ကုန် ရထားလက်မှတ်များကို ဝယ်ယူရ လွယ်ကူစေရန်နှင့် လက်မှတ်မှောင်ခိုရောင်းချနေသည့် ပြဿနာများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးရန် သက်ဆိုင်ရာ ဝန်ကြီးထံ ဒေသခံမြို့ခံများက တောင်းဆိုလိုက်သည်။ မြို့ခံများ၏ ပြောပြချက်အရ လက်ရှိတွင် ဘူတာ၌ လက်မှတ်သွားရောက်ဝယ်ယူပါက ဝယ်ယူ၍မရဘဲ မှောင်ခိုဈေးကွက်တွင်မူ အလွယ်တကူ ဝယ်ယူရရှိနေသည့်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦး အနေဖြင့် ယင်းကိစ္စကို သေချာစွာ ကွင်းဆင်းကျပ်မတ်ပေးစေလိုကြောင်း သိရသည်။ လာမည့် ဇွန်လကုန် သို့မဟုတ် ဇူလိုင်လဆန်းပိုင်းတွင် မော်လမြိုင်-ရန်ကုန် DEMU မြန်နှုန်းမြင့်ရထားသစ်ကို နေ့ချင်းပြန် ပြေးဆွဲနိုင်ရန် မြန်မာ့မီးရထားက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်၊မော်လမြိုင်-ရန်ကုန် ရထားလက်မှတ် မှောင်ခိုရောင်းချမှု ပပျောက်စေရန် ကိုင်တွယ်ပေးစေလိုဟု မြို့ခံများ တောင်းဆို
Jun 02 • 3:13 AM
မြန်မာ
မွန်
မျှဝေမည်
| 20 | 0 | 0 | 0 |


