back

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် စက်သုံးဆီ ပြတ်လပ်မှုကြောင့် ကျောင်းဖွင့်ရာသီ၌ ကျောင်းသားမိဘများ သွားလာရေး အခက်အခဲများနှင့် ရင်ဆိုင်နေရ

Jun 02 • 2:40 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် စက်သုံးဆီ ပြတ်လပ်မှုကြောင့် ကျောင်းဖွင့်ရာသီ၌ ကျောင်းသားမိဘများ သွားလာရေး အခက်အခဲများနှင့် ရင်ဆိုင်နေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စက်သုံးဆီ ခွဲတမ်းလျှော့ချခံရမှုကြောင့် ဆီပြတ်လပ်မှုပြဿနာ ပိုမိုဆိုးရွားလာပြီး၊ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည့...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စက်သုံးဆီ ခွဲတမ်းလျှော့ချခံရမှုကြောင့် ဆီပြတ်လပ်မှုပြဿနာ ပိုမိုဆိုးရွားလာပြီး၊ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည့် ယခုကျောင်းဖွင့်ရာသီတွင် ကျောင်းသားမိဘများနှင့် ယာဉ်မောင်းနှင်သူများ ယခင်လများထက် သွားလာရေး ပိုမိုအခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။ လက်ရှိတွင် တောင်ကြီးမြို့ပေါ်၌ QR စနစ်ဖြင့် တစ်ပတ်လျှင် နှစ်ကြိမ် (စုစုပေါင်း ၈ လီတာခန့်သာ) ဝယ်ယူခွင့်ရရှိသဖြင့် နေ့စဉ် ကျောင်းတက်ကျောင်းဆင်းနှင့် ကျူရှင်ပို့ဆောင်ရမည့် ကျောင်းသား၊ ကျောင်းသူများအတွက် လုံလောက်မှုမရှိဘဲ မိဘများအနေဖြင့် ဆီကို ကြိုတင်စုဆောင်းနေရသည့် အလုပ်တစ်ခုပါ ပိုလာကြောင်း သိရသည်။ ထို့ပြင် ဆီဆိုင်များ၌ ခွဲတမ်းနည်းပါးသဖြင့် နံနက်ပိုင်းတွင်သာ အရောင်းအဝယ်ဖြစ်ပြီး တန်းစီစောင့်ဆိုင်းရသည့် အချိန်ပိုမိုကြာမြင့်လာသည့်အပြင်၊ အပြင်ပြင်ပ၌ အရေးပေါ်ဝယ်ယူပါက စက်သုံးဆီတစ်လီတာလျှင် ကျပ် ၈,၀၀၀ ခန့်အထိ နှစ်ဆခွဲနီးပါး ပေးဆောင်နေရသဖြင့် အိမ်ထောင်စုအသုံးစရိတ် ပိုမိုကုန်ကျကာ ကလေးငယ်များ၏ အခြားဗဟုသုတဖြစ်ဖွယ် သင်တန်းများကိုပါ လျှော့ချလိုက်ရသည့် အခြေအနေအထိ ဆိုးရွားလာကြောင်း ဒေသခံများက ပြောကြားသည်။ ယခုကဲ့သို့ စက်သုံးဆီ ပြတ်လပ်မှု၊ ဈေးနှုန်းကြီးမြင့်မှုများနှင့်အတူ မော်တော်ယာဉ် စုံ/မ စနစ်ပါ ကန့်သတ်ထားသဖြင့် ရှေ့ဆက်ရန် ခက်ခဲနေသောကြောင့် အဆိုပါ ကန့်သတ်ချက်များကို အမြန်ဆုံး ဖြေလျှော့ပေးစေလိုကြောင်း ဒေသခံ ကျောင်းသားမိဘများက လိုလားနေကြသည်။

news-view-count-icon

21