back

မွန်ပြည်နယ်၊မော်လမြိုင်-မုဒုံကားလမ်းတွင် ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ၍ သံဃာနှစ်ပါးနှင့် အမျိုးသမီးသုံးဦး ဒဏ်ရာရ

Jun 02 • 2:39 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်၊မော်လမြိုင်-မုဒုံကားလမ်းတွင် ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ၍ သံဃာနှစ်ပါးနှင့် အမျိုးသမီးသုံးဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မော်လမြိုင်-မုဒုံကားလမ်းရှိ ကွမ်တာကျေးရွာနှင့် ကော့ခပုံကျေးရွာကြားတွင် ဇွန်လ ၁ ရက် (ယမန်နေ့) ည ၇ နာရီခွဲခန့်က မော်တော်ယာဉ်နှစ်စီး အရ...

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မော်လမြိုင်-မုဒုံကားလမ်းရှိ ကွမ်တာကျေးရွာနှင့် ကော့ခပုံကျေးရွာကြားတွင် ဇွန်လ ၁ ရက် (ယမန်နေ့) ည ၇ နာရီခွဲခန့်က မော်တော်ယာဉ်နှစ်စီး အရှိန်လွန်ကာ မျက်နှာချင်းဆိုင် တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ သံဃာတော် နှစ်ပါးနှင့် အမျိုးသမီး သုံးဦးတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။ ဒဏ်ရာရရှိခဲ့သူများကို မြန်မာ့လူငယ်လူမှုကူညီရေးအသင်းမှ အရေးပေါ်လူနာတင်ယာဉ် တစ်စီး၊ ဇီဝိတအလင်းဖောင်ဒေးရှင်းမှ အရေးပေါ်ယာဉ် နှစ်စီးတို့ဖြင့် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

25