မန်ချက်စတာယူနိုက်တက်အသင်း၏ ဘယ်လ်ဂျီယံလက်ရွေးစင် ဂိုးသမား လမ်းမန်းစ်သည် ပရီးမီးယားလိဂ်၏ ၂၀၂၅-၂၆ ရာသီ အကောင်းဆုံးအပြောင်းအရွှေ့ဆု (Transfer of the Season) ကို ပရိသတ်များ၏ ဆန္ဒမဲအများဆုံးဖြင့် ရရှိခဲ့ကြောင်း သိရသည်။ အသက် ၂၃ နှစ်အရွယ်ရှိ ၎င်းဂိုးသမားသည် ၂၀၂၅ နွေရာသီအပြောင်းအရွှေ့ နောက်ဆုံးနေ့တွင် အန့်ဝပ်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကြေး ပေါင် ၁၈.၁ သန်းဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ လမ်းမန်းစ်သည် နည်းပြအပြောင်းအလဲများကြောင့် မန်ယူအသင်း မတည်မငြိမ်ဖြစ်ခဲ့ရသည့် ယခုရာသီအတွင်း အသင်းအတွက် ပရီးမီးယားလိဂ် ၃၂ ပွဲ ကစားပေးခဲ့ရာတွင် ၂၈ ပွဲအထိ ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ထို့ပြင် ရာသီတစ်ခုလုံးတွင် ဂိုးပေါက်ကာကွယ်မှု ၇၉ ကြိမ် ပြုလုပ်ခဲ့ပြီး Clean Sheet ၈ ပွဲအထိ ရရှိခဲ့ကာ အသင်းအတွက် အလွန်အကျိုးပြုသည့် ခေါ်ယူမှုတစ်ခုဖြစ်ခဲ့ကြောင်း သက်သေပြနိုင်ခဲ့သဖြင့် ယခုကဲ့သို့ ဆုချီးမြှင့်ခံရခြင်း ဖြစ်သည်။
Jun 02 • 2:37 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 31 | 0 | 0 | 0 |


