back

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ စက်လှေသမားတစ်ဦး ရခိုင်ပြည်နယ်၌ တစ်ပတ်ကြာသည်အထိ ပျောက်ဆုံးနေ၍ မိသားစုဝင်များ စိတ်ပူပန်နေ

Jun 02 • 2:07 AM

breaking-news

မြန်မာ

ချင်း

cover

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ စက်လှေသမားတစ်ဦး ရခိုင်ပြည်နယ်၌ တစ်ပတ်ကြာသည်အထိ ပျောက်ဆုံးနေ၍ မိသားစုဝင်များ စိတ်ပူပန်နေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကိုဖေရှေကျေးရွာမှ အသက် ၃၂ နှစ်ဝန်းကျင်အရွယ်ရှိ ချင်းအမျိုးသား စက်လှေသမားတစ်ဦးသည် ရခိုင်ပြည်နယ်အတွင်းသို့ ကုန်စည်များ သယ်ယူပို့ဆောင်...

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကိုဖေရှေကျေးရွာမှ အသက် ၃၂ နှစ်ဝန်းကျင်အရွယ်ရှိ ချင်းအမျိုးသား စက်လှေသမားတစ်ဦးသည် ရခိုင်ပြည်နယ်အတွင်းသို့ ကုန်စည်များ သယ်ယူပို့ဆောင်ပေးရန် သွားရောက်ခဲ့ပြီးနောက် ရက်သတ္တပတ်တစ်ပတ် ကြာမြင့်သည်အထိ နေရပ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ သတင်းအစအန ပျောက်ဆုံးနေ၍ မိသားစုဝင်များက စိတ်ပူပန်လျက်ရှိကြောင်း သိရသည်။ ပျောက်ဆုံးနေသူ စောင်းယူထားသည့် စက်လှေမှာ ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ရှိနေကြောင်း ကြားသိရသော်လည်း လူကိုမူ မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို မသိရှိရသေးကြောင်း၊ လှေသမားများမှာ ပစ္စည်းပိုင်ရှင်များ၏ စေခိုင်းချက်အတိုင်းသာ လိုက်လံပို့ဆောင်ပေးရသူများဖြစ်၍ ဖမ်းဆီးထိန်းသိမ်းထားခြင်းမျိုး ရှိခဲ့ပါကလည်း ပြန်လည်လွှတ်ပေးစေလိုကြောင်း မိသားစုဝင်တစ်ဦးက ပြောကြားသည်။

news-view-count-icon

20