back

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှ ချင်းပြည်နယ်တောင်ပိုင်းသို့ ဆက်သွယ်ထားသည့် လမ်းမကြီးတွင် မိုးကြီး၍ မြေပြိုမှုဖြစ်ပွားကာ လမ်းပိတ်နေ

Jun 02 • 1:48 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှ ချင်းပြည်နယ်တောင်ပိုင်းသို့ ဆက်သွယ်ထားသည့် လမ်းမကြီးတွင် မိုးကြီး၍ မြေပြိုမှုဖြစ်ပွားကာ လမ်းပိတ်နေ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်မှ ချင်းပြည်နယ်တောင်ပိုင်းသို့ ဆက်သွယ်ထားသည့် လမ်းမကြီးပေါ်တွင် ယခုတလော မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားခဲ့ခြင်း...

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်မှ ချင်းပြည်နယ်တောင်ပိုင်းသို့ ဆက်သွယ်ထားသည့် လမ်းမကြီးပေါ်တွင် ယခုတလော မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားခဲ့ခြင်းကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်း သိရသည်။ မေလ ၃၀ ရက် ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ဂန့်ဂေါနှင့် ရေဇွာမြို့ကို ဆက်သွယ်ထားသည့် လမ်းမကြီး၊ ဂန့်ဂေါ-အိုက်ကားလမ်း ၄၆ မိုင်တောင်ပြိုနေရာ၌ မြေပြိုကျခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် မိုး ဆက်လက်ရွာသွန်းနေဆဲဖြစ်၍ လမ်းပြန်လည်ပြုပြင်ရန် အဆင်မပြေသေးကြောင်း ဇိုတုန်ဖက်ဒရယ်ကောင်စီ၊ လမ်းပြုပြင်ရေးတာဝန်ခံ Salai Thomas က ပြောကြားသည်။ သို့သော်လည်း မိုးတိတ်သွားပါက နောက်ရက်တွင် လမ်းပြန်လည်ရှင်းလင်းနိုင်ရန် ပြင်ဆင်ထားပြီး လမ်းပွင့်ပါက ပြန်လည်အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါလမ်းပိုင်းသည် ချင်းပြည်နယ်တောင်ပိုင်းသာမက မြောက်ပိုင်း၊ လောက်တူဒေသ၊ ဇိုဖဲဒေသနှင့် ထန်တလန်မြို့နယ်အထိပါ ဆက်သွယ်ပေးထားသည့် အလွန်အရေးကြီးသော လမ်းမကြီးတစ်ခုဖြစ်ကြောင်း သိရသည်။

news-view-count-icon

42