၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို လာမည့် ဇွန်လ ၁၁ ရက်မှ ဇူလိုင်လ ၁၉ ရက်နေ့အထိ အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့က အိမ်ရှင်အဖြစ် ပူးတွဲလက်ခံကျင်းပသွားမည် ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် အိမ်ရှင်နိုင်ငံများဖြစ်သည့် အမေရိကန်၌ ၁၁ နေရာ၊ မက္ကဆီကို၌ ၃ နေရာနှင့် ကနေဒါ၌ ၂ နေရာ၊ စုစုပေါင်း ကွင်း ၁၆ ကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းပေါင်း ၄၈ သင်းအထိ တိုးမြှင့်ယှဉ်ပြိုင်ခွင့်ပြုထားပြီး Group A မှ Group L အထိ အုပ်စု ၁၂ စု ခွဲကာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။
Jun 02 • 1:47 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 43 | 0 | 0 | 0 |


