ချင်းပြည်နယ်အတွင်းရှိ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့များသို့ ပြန်လည်ဝင်ရောက်လာကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအတွက် တရုတ်နိုင်ငံက APTERR အစီအစဉ်ဖြင့် လှူဒါန်းလိုက်သည့် ဆန် ၈ တန်သည် မေလ ၃၁ ရက်နေ့တွင် ကလေးမြို့သို့ ရောက်ရှိလာခဲ့ကြောင်း ဇွန်လ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ လှူဒါန်းမှု ဆန်များကို ရန်ကုန်မြို့မှတစ်ဆင့် စစ်လေယာဉ်များဖြင့် ကလေးမြို့အထိ သယ်ယူခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်များဆီသို့ အမြန်ဆုံး ဆက်လက်ဖြန့်ဝေပေးသွားမည့်အပြင် ဒေသတွင်း ဆန်ရိက္ခာ ဖြည့်တင်းမှုများနှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ကယ်ဆယ်ရေးပစ္စည်းများကိုပါ အချိန်မီပေးပို့နိုင်ရန် စီစဉ်နေကြောင်း သိရသည်။ 
ချင်းပြည်နယ်ရှိ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များအတွက် တရုတ်နိုင်ငံက လှူဒါန်းသည့် ဆန် ၈ တန် ကလေးမြို့သို့ ရောက်ရှိ
Jun 02 • 1:42 AM
မြန်မာ
ချင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


