မန္တလေးမြို့အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုစနစ် ပိုမိုကောင်းမွန်ခိုင်မာစေရန်အတွက် ဆောင်ရွက်မည့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကြောင့် ယခု ဇွန်လ (၆ လပိုင်း) အတွင်း မြို့နယ်အလိုက် ဓာတ်အားယာယီပိတ်မည့် နေ့ရက်နှင့် အချိန်ဇယား အသေးစိတ်ကို မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဇွန်လ ၁ ရက် (ယနေ့) ည ၆ နာရီခွဲခန့်တွင် ထုတ်ပြန်အသိပေးလိုက်သည်။ ဓာတ်အားပိတ်၍ လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်း၊ ကြွေသီးများ စစ်ဆေးလဲလှယ်ခြင်း၊ ပင်ကြွေသီးတိုင်များ မြှင့်တင်ခြင်း၊ အလယ်ကြွေသီးများကို တိုင်ထိပ်သို့ ပြောင်းရွှေ့တင်ခြင်း၊ ဂျမ်ပါဆက်ကြောင်း (Jumper Connection) များကို စစ်ဆေးပြီး လိုအပ်သည့်နေရာများတွင် PG Clamp နှစ်ခုစီ တပ်ဆင်ခြင်းနှင့် ဓာတ်တိုင်မတ်ခြင်းလုပ်ငန်းများကို တစ်ပါတည်း ပူးတွဲဆောင်ရွက်သွားမည်ဖြစ်သည်။ မိဘပြည်သူများအနေဖြင့် မိမိတို့နေထိုင်ရာ မြို့နယ်အလိုက် ဓာတ်အားပြတ်တောက်မည့် နေ့ရက်နှင့် အချိန်စာရင်းများကို ကြိုတင်ပြင်ဆင် သိရှိနိုင်စေရန်အတွက် MESC က ထုတ်ပြန်ထားသည့် ဇယားများကို ပူးတွဲဖော်ပြပေးလိုက်ကြောင်း သိရသည်။

Jun 02 • 1:39 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 32 | 0 | 0 | 0 |


