၂၀၀၃-၀၄ ရာသီနောက်ပိုင်း (၂၂) နှစ်ကြာမှ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်လည်ဆွတ်ခူးနိုင်ခဲ့သည့် အာဆင်နယ်အမျိုးသားအသင်းနှင့် ဖီဖာအမျိုးသမီးချန်ပီယံဖလားကို ပထမဆုံးအကြိမ် ရရှိခဲ့သည့် အာဆင်နယ်အမျိုးသမီးအသင်းတို့၏ လန်ဒန်မြို့တွင်း ပူးတွဲလှည့်လည်အောင်ပွဲခံမှု အခမ်းအနားသို့ ပရိသတ် ၁.၅ သန်းအထိ လာရောက်အားပေးခဲ့သဖြင့် လန်ဒန်မြို့သမိုင်းတွင် ပရိသတ်အများဆုံး ပါဝင်ဆင်နွှဲသည့် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။ ပီအက်စ်ဂျီ (PSG) အသင်းနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားပြီးနောက်တစ်ရက် တနင်္ဂနွေနေ့လယ်တွင် ပြုလုပ်ခဲ့သည့် အဆိုပါပွဲ၌ အစောပိုင်းက ရဲတပ်ဖွဲ့က ပရိသတ် ၁ သန်းခန့်သာ ခန့်မှန်းထားသော်လည်း လက်တွေ့တွင် ၁.၅ သန်းအထိ စည်ကားခဲ့ပြီး ည ၉ နာရီခန့်အထိ ကြာမြင့်ခဲ့သည်။ ၎င်းအောင်ပွဲခံပွဲအတွင်း ဆိုးသွမ်းပရိသတ် ၁၅ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရသလို၊ အန္တရာယ်ရှိသည့် အမိုးအမြင့်များပေါ် တက်ရောက်ကြည့်ရှုသူ ၇၅ ဦးကိုလည်း ကယ်ဆယ်ခဲ့ရကြောင်း မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်အသင်း၏ မြို့လှည့်အောင်ပွဲခံအခမ်းအနားတွင် ပရိသတ် ၁.၅ သန်းအထိ ပါဝင်ဆင်နွှဲကာ စံချိန်တင်
Jun 01 • 1:24 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 32 | 0 | 0 | 0 |


