ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပြိုင်ပွဲစုံ ပွဲပေါင်း ၆၅၈ ပွဲဖြင့် ပွဲအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားသည့် အင်္ဂလန်ကွင်းလယ်လူ ဂျိမ်းစ်မီလ်နာသည် အသက် ၄၀ အရွယ်တွင် ဘောလုံးသမားဘဝမှ အနားယူပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့သည်။ ၂၀၀၂ ခုနှစ် အသက် ၁၆ နှစ်အရွယ်ကတည်းက လိဒ်စ်ယူနိုက်တက်အသင်းနှင့်အတူ ပရီးမီးယားလိဂ်ကစားသမားဘဝကို စတင်ခဲ့သည့် မီလ်နာသည် နယူးကာဆယ်၊ အက်စတွန်ဗီလာ၊ မန်စီးတီး၊ လီဗာပူးလ်နှင့် ဘရိုက်တန်အသင်းတို့တွင် ၂၄ နှစ်ကြာ ကျင်လည်ခဲ့ပြီး မန်စီးတီးနှင့်အတူ ပရီးမီးယားလိဂ်ဖလား နှစ်လုံး၊ လီဗာပူးလ်နှင့်အတူ ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ဖလားများကို ဆွတ်ခူးနိုင်ခဲ့သကဲ့သို့ အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း ၆၁ ပွဲ ကစားပေးခဲ့သူဖြစ်သည်။ မီလ်နာက ပရီးမီးယားလိဂ်၌ ၂၄ ရာသီ ဖြတ်သန်းပြီးနောက် ကစားသမားဘဝကို အဆုံးသတ်ရန် အချိန်တန်ပြီဟု ခံစားရကြောင်းနှင့် ကိုယ်စားပြုခဲ့ရသည့် အသင်းတိုင်းအတွက် ဘဝတစ်လျှောက်လုံး အမှတ်ရနေမည်ဖြစ်ကြောင်း နှုတ်ဆက်စကား ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ်တွင် ပွဲအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားသည့် အင်္ဂလန်ကွင်းလယ်လူ ဂျိမ်းစ်မီလ်နာ အသက် ၄၀ အရွယ်၌ ကစားသမားဘဝမှ အနားယူကြောင်း ကြေညာ
Jun 01 • 1:23 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 31 | 0 | 0 | 0 |


