back

ဂျာမနီနိုင်ငံ၌ ကျင်းပသည့် Yonex Bonn International 2026 ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ဒုတိယဆု ဆွတ်ခူးရရှိ

Jun 01 • 1:22 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဂျာမနီနိုင်ငံ၌ ကျင်းပသည့် Yonex Bonn International 2026 ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ ဒုတိယဆု ဆွတ်ခူးရရှိ

မြန်မာ့လက်ရွေးစင် အမျိုးသမီး ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ဂျာမနီနိုင်ငံတွင် မေလ ၂၇ ရက်မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် Yonex Bonn International 2026 ကြက်တ...

မြန်မာ့လက်ရွေးစင် အမျိုးသမီး ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ဂျာမနီနိုင်ငံတွင် မေလ ၂၇ ရက်မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် Yonex Bonn International 2026 ကြက်တောင်ပြိုင်ပွဲ၌ ဒုတိယဆု (ရုပ္ပံတံဆိပ်) ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။အဆိုပါပြိုင်ပွဲ၏ အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲတွင် သက်ထားသူဇာသည် ပွဲဦးထွက် (၃၂) ဦးအဆင့်၌ တရုတ်တိုင်ပေ ကစားသမားကို ၂၁-၁၅၊ ၂၁-၂၀ ဖြင့်လည်းကောင်း၊ (၁၆) ဦးအဆင့်တွင် ၂၁-၁၉၊ ၂၁-၁၈ ဖြင့်လည်းကောင်း၊ ကွာတားဖိုင်နယ်အဆင့်တွင် အိန္ဒိယကစားသမားကို ၂၁-၁၅၊ ၂၁-၁၅ ဖြင့်လည်းကောင်း နှစ်ပွဲပြတ်စီဖြင့် အသီးသီးအနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ထို့နောက် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အင်္ဂလန်ကစားသမားကို ၂၁-၁၇၊ ၁၉-၂၁၊ ၂၁-၈ (၂ ပွဲ - ၁ ပွဲ) ဖြင့် အကြိတ်အနယ် ကစားကာ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သည်။ သို့သော်လည်း အဆုံးအဖြတ် ဗိုလ်လုပွဲတွင် တရုတ်တိုင်ပေ ကစားသမားနှင့် ယှဉ်ပြိုင်ကစားရာ၌ ၉-၂၁၊ ၂၁-၁၈၊ ၁၀-၂၁ (၁ ပွဲ - ၂ ပွဲ) ဖြင့် ကံဆိုးစွာ ရှုံးနိမ့်ခဲ့ရသည့်အတွက် ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရခြင်း ဖြစ်သည်။

news-view-count-icon

48