ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနသည် မေလ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့သော်လည်း၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်ရန် နောက်ကျကျန်ခဲ့သည့် ကလေးငယ်များအတွက် ယခု ဇွန်လတစ်လလုံး ဆက်လက်ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။ ထိုသို့ကျောင်းအပ်နောက်ကျသူများအတွက် ကျောင်းများတွင် နံနက်ပိုင်း၌ စာသင်ကြားခြင်းနှင့် နေ့လယ်ပိုင်းတွင် ကျောင်းအပ်လက်ခံခြင်းများကို ခွဲခြားဆောင်ရွက်ပေးမည်ဖြစ်သည်။
အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နှံရန် နောက်ကျကျန်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကို ဇွန်လတစ်လလုံး ဆက်လက်ကျောင်းအပ်လက်ခံပေးမည်
Jun 01 • 1:21 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 49 | 0 | 0 | 0 |


