back

မြန်မာဖိုက်တာ မြလုံးချော ကမ္ဘောဒီးယားတွင်ကျင်းပသည့် ခွန်ခမာပွဲ၌ အိမ်ရှင်ဖိုက်တာကို အမှတ်ဖြင့် အနိုင်ရ

Jun 01 • 1:15 PM

breaking-news

မြန်မာ

ပြည်ပ

cover

မြန်မာဖိုက်တာ မြလုံးချော ကမ္ဘောဒီးယားတွင်ကျင်းပသည့် ခွန်ခမာပွဲ၌ အိမ်ရှင်ဖိုက်တာကို အမှတ်ဖြင့် အနိုင်ရ

မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာ မြလုံးချောသည် ပြီးခဲ့သည့် မေလ ၃၀ ရက်က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ VIP Arena ၌ ကျင်းပခဲ့သော "Xtreme Cambodia Kun Khmer" ပြ...

မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာ မြလုံးချောသည် ပြီးခဲ့သည့် မေလ ၃၀ ရက်က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ VIP Arena ၌ ကျင်းပခဲ့သော "Xtreme Cambodia Kun Khmer" ပြိုင်ပွဲတွင် အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာ ထွန်းချာလီကို အမှတ်ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲ၏ ၅၄ ကီလိုတန်း ၃ မိနစ် ၃ ချီ ပွဲစဉ်တွင် မြလုံးချောသည် ၃ ချီစလုံး အသာစီးဖြင့် ဖိအားပေးထိုးသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ့ရိုးရာလက်ဝှေ့ ဒုတိယတန်းတွင် သက်တမ်းရင့်ပွဲပေါင်းများစွာ ထိုးသတ်ခဲ့သည့် မြလုံးချောသည် ယခုနောက်ပိုင်းတွင် ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲများသို့ သွားရောက်ထိုးသတ်လျက်ရှိရာ ယခုပွဲမတိုင်မီ မေလအစောပိုင်းက ထိုးသတ်ခဲ့သည့်ပွဲတွင်လည်း အိမ်ရှင်ဖိုက်တာကို အမှတ်ဖြင့် အနိုင်ရရှိထားခဲ့ဖူးကြောင်း သိရသည်။

news-view-count-icon

24