back

ကျောင်းသူ ၃ ဦး ဆက်သွယ်ရေးတာဝါတိုင်အမြင့်ပေါ် တက်ရောက်ကာ ဗီဒီယိုရိုက်ကူးမှု လူမှုကွန်ရက်တွင် ဝေဖန်စိုးရိမ်မှုများမြင့်တက်

Jun 01 • 1:09 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ကျောင်းသူ ၃ ဦး ဆက်သွယ်ရေးတာဝါတိုင်အမြင့်ပေါ် တက်ရောက်ကာ ဗီဒီယိုရိုက်ကူးမှု လူမှုကွန်ရက်တွင် ဝေဖန်စိုးရိမ်မှုများမြင့်တက်

လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ကျောင်းသူ ၃ ဦး အလွန်မြင့်မားသည့် ဆက်သွယ်ရေးတာဝါတိုင်ပေါ်သို့ တက်ရောက်ကာ တိုင်ထိပ်နားတွင် ထိုင်လျက် ဗီဒီယိုရိုက်ကူးနေသည့် ရုပ်သ...

လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ကျောင်းသူ ၃ ဦး အလွန်မြင့်မားသည့် ဆက်သွယ်ရေးတာဝါတိုင်ပေါ်သို့ တက်ရောက်ကာ တိုင်ထိပ်နားတွင် ထိုင်လျက် ဗီဒီယိုရိုက်ကူးနေသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပြီး ကြည့်ရှုသူများအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေသည်။ အဆိုပါဗီဒီယိုဖိုင်တွင် ကျောင်းသူများသည် တာဝါတိုင်ထိပ် ရောက်ရှိနေစဉ် ၎င်းတို့တက်ရောက်နေသည့် ကျောင်းကို လိုက်လံရှာဖွေကာ စနောက်စကားပြောဆိုနေကြသည်ကို ကြားရသည်။ အွန်လိုင်းအသုံးပြုသူ အများအပြားက ၎င်းတို့၏ လုပ်ရပ်မှာ အသက်အန္တရာယ်ရှိလှသဖြင့် သည်းထိပ်ရင်ဖို ဖြစ်ရကြောင်းနှင့် အလားတူ မတော်တဆ အန္တရာယ်မျိုး မဖြစ်ပွားစေရန် သက်ဆိုင်ရာ မိဘ၊ ဆရာများနှင့် တာဝန်ရှိသူများအနေဖြင့် ထိန်းသိမ်းကြပ်မတ်ပေးသင့်ကြောင်း ဝေဖန်စိုးရိမ်လျက် ရှိကြသည်။

news-view-count-icon

31