back

ပဲခူးမြို့ ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီး၏ သ င်္ကန်းတော်အား ရွှေအစစ်ဖြင့်ရွှေင်္ကန်းကပ်လှူပူဇော်

Jun 01 • 10:49 AM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးမြို့ ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီး၏ သ င်္ကန်းတော်အား ရွှေအစစ်ဖြင့်ရွှေင်္ကန်းကပ်လှူပူဇော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ဆုတောင်းပြည့်ရွှေသာလျောင်းဘု ရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ သင်္ကန်းတော်အား ရွှေအစစ်ဖြင့် ရွှေသင်္ကန်းကပ်လှူပူဇော်ပြီး ဗုဒ္ဓါဘိသေကအ နေ...

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ဆုတောင်းပြည့်ရွှေသာလျောင်းဘု ရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ သင်္ကန်းတော်အား ရွှေအစစ်ဖြင့် ရွှေသင်္ကန်းကပ်လှူပူဇော်ပြီး ဗုဒ္ဓါဘိသေကအ နေကဇာတင်ခြင်းကို မေ ၃၁ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ရန်ကုန်မြို့၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်)၊ ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက်ကြီး၏ပဓာနနာယက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသဆရာတော်ကြီးတို့ကြီးမှူးသည့် ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူခဲ့ကြသည်။ထို့အတူ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တာဝန်ရှိသူများတက်ရောက်ကြည်ညိုပူဇော်ကာ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များက ရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာ တင်တော်မူခဲ့ကြသည်။

news-view-count-icon

35