back

AYA Tri-Nation Cup ယှဉ်ပြိုင်ရန် ဥဇဘတ်ကစ္စတန် အမျိုးသမီးအသင်း ရန်ကုန်သို့ ရောက်ရှိ၊ သုဝဏ္ဏကွင်း၌ စတင်လေ့ကျင့်နေပြီဖြစ်

Jun 01 • 10:48 AM

breaking-news

မြန်မာ

ရန်ကုန်

cover

AYA Tri-Nation Cup ယှဉ်ပြိုင်ရန် ဥဇဘတ်ကစ္စတန် အမျိုးသမီးအသင်း ရန်ကုန်သို့ ရောက်ရှိ၊ သုဝဏ္ဏကွင်း၌ စတင်လေ့ကျင့်နေပြီဖြစ်

ဇွန်လအတွင်း ကျင်းပပြုလုပ်မည့် AYA Tri-Nation Cup 2026 ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ဥဇဘတ်ကစ္စတန် အမျိုးသမီး အမျိုးသားလက်ရွေးစင်ဘောလုံးအသင...

ဇွန်လအတွင်း ကျင်းပပြုလုပ်မည့် AYA Tri-Nation Cup 2026 ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ဥဇဘတ်ကစ္စတန် အမျိုးသမီး အမျိုးသားလက်ရွေးစင်ဘောလုံးအသင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။မြို့တော် တက်ရှ်ကန့် (Tashkent) မှ ရန်ကုန်မြို့သို့ မိုင်ပေါင်း ၂,၃၂၀ ကျော် ခရီးနှင်လာခဲ့ရသည့် ဥဇဘတ်ကစ္စတန် အသင်းသည် ရန်ကုန်မြို့သို့ ရောက်ရှိပြီးနောက် ညနေပိုင်းမှာပင် သုဝဏ္ဏကွင်းရှိ MFF Training Pitch-1 ၌ အပေါ့စား ကြံ့ခိုင်မှု လေ့ကျင့်ရေးအစီအစဉ်များကိုစတင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။အင်အားတောင့်တင်းသည့် ဥဇဘတ်ကစ္စတန် အမျိုးသမီးအသင်းသည် ယခုပြိုင်ပွဲတွင် အိမ်ရှင်မြန်မာအသင်း၊ ဒေသတွင်းအင်အားကြီး ထိုင်းအသင်းတို့နှင့် အကြိတ်အနယ် ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။

news-view-count-icon

20