back

နေပြည်တော်တွင် တရုတ်ရုပ်ရှင်ပြပွဲ (၇)ရက်ကြာ ကျင်းပမည်

Jun 01 • 10:47 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်တွင် တရုတ်ရုပ်ရှင်ပြပွဲ (၇)ရက်ကြာ ကျင်းပမည်

မြန်မာ-တရုတ် ပိုမိုချစ်ကြည်ရင်းနှီးစေရေး ယဉ်ကျေးမှုဖလှယ်ရေးနှင့် ပြည်သူများအကြား ထိတွေ့ဖလှယ်မှု မြှင့်တင်နိုင်ရေးတို့ကို ရည်ရွယ်သည့် တရုတ်ရုပ်ရှင်ပြပွဲကို ၇ ရက်...

မြန်မာ-တရုတ် ပိုမိုချစ်ကြည်ရင်းနှီးစေရေး ယဉ်ကျေးမှုဖလှယ်ရေးနှင့် ပြည်သူများအကြား ထိတွေ့ဖလှယ်မှု မြှင့်တင်နိုင်ရေးတို့ကို ရည်ရွယ်သည့် တရုတ်ရုပ်ရှင်ပြပွဲကို ၇ ရက်ကြာ နေပြည်တော်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်ပြပွဲ ရက်သတ္တပတ်အစီအစည်ဖြင့် ဇွန် ၈ ရက် ကနေ ၁၁ ရက်အထိ ဥတ္တရသီရိမြို့နယ် Ocean ဈေးဝယ်စင်တာရှိ JCGV ရုပ်ရှင်ရုံတွင် ပြသမည်ဖြစ်ကြောင်း သိရသည်။မြန်မာစာတမ်းထိုး တရုတ်ရုပ်ရှင်ဇာတ်ကား (၇) ကားကို ပြသမည်ဖြစ်ပြီး ပြည်သူများ အခမဲ့ လာရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။

news-view-count-icon

21