back

YBS ယာဉ်လိုင်းသစ်အဖြစ် ဒလ - တွံတေးကို ပြေးဆွဲပေးမည်

Jun 01 • 10:46 AM

breaking-news

မြန်မာ

ရန်ကုန်

cover

YBS ယာဉ်လိုင်းသစ်အဖြစ် ဒလ - တွံတေးကို ပြေးဆွဲပေးမည်

ယနေ့ (ဇွန် ၁) ရက်မှ စတင်ကာ YBS ယာဉ်လိုင်းသစ်အဖြစ် ဒလ - တွံတေးကို ပြေးဆွဲပေးမည်ဟု သိရသည်။ထိုသို့ပြေးဆွဲခြင်းသည် ရှေ့ပြေးစီမံချက်အဖြစ်၂၀၂၆ ခုနှစ် ဇွန်လ (၁) ရက်နေ့...

ယနေ့ (ဇွန် ၁) ရက်မှ စတင်ကာ YBS ယာဉ်လိုင်းသစ်အဖြစ် ဒလ - တွံတေးကို ပြေးဆွဲပေးမည်ဟု သိရသည်။ထိုသို့ပြေးဆွဲခြင်းသည် ရှေ့ပြေးစီမံချက်အဖြစ်၂၀၂၆ ခုနှစ် ဇွန်လ (၁) ရက်နေ့မှ ဇွန်လ (၅) ရက်နေ့အထိစမ်းသပ်ပြေးဆွဲပေးသွားမည်ဖြစ်သည်

ယင်းယာဉ်လိုင်းကို YBPC ကုမ္ပဏီမှ တာဝန်ယူပြေးဆွဲသွားမည်ဖြစ်သည်။ပြေးဆွဲပေးမည့် ဂိတ်ရင်းသည် တွံတေး (ရွှေဆံတော်ဘုရား) ဖြစ်ပြီးဒလ (ချယ်ရီသင်္ဘောဆိပ်) ထိ ဖြစ်ကာ စုစုပေါင်း မှတ်တိုင် (၁၄) ခုဖြင့်ပြေးဆွဲသွားမည် ဖြစ်သည်။ကားခအနေဖြင့် ၈၀၀ ကျပ် ကျသင့်မည်ဖြစ်သည်။ထို့ပြင်—ရဟန်းသံဃာတော်များအားအခမဲ့ စီးနင်းခွင့်ပြုသွားမည်ဖြစ်ကာ ခရီးသွားပြည်သူများအနေဖြင့် စနစ်တကျ စီးနင်းအသုံးပြုပေးကြပါရန်နှင့် ယာဉ်အတက်အဆင်းပြုလုပ်ရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးကို အထူးဂရုပြုပေးကြပါရန် YBPC မှ မေတ္တာရပ်ခံထားသည်။

news-view-count-icon

35