လာမည့် ဇူလိုင်လဆန်းတွင် ရန်ကုန်-မော်လမြိုင်ကိုလည်း DEMU မြန်နှုန်းမြင့်ရထား နေ့ချင်းပြန်ပြေးဆွဲပေးမည်ဟု သိရသည်။ထိုသို့ ပြေးဆွဲပေးနိုင်ရန် လက်ရှိတွင် ရထားလမ်းပိုင်းများပြုပြင်းခြင်း၊ တွဲနှင့်မလွတ်သည့် ဘူတာအမိုးများ ၊တံတားအမိုးများ ပြန်လည်ပြုပြင်လျက်ရှိနေသည်။“နေ့ချင်းပြန် ပြေးဆွဲပေးမယ်။ ရန်ကုန်ကလာပြီးရင် မော်လမြိုင်ဘူတာမှာ တစ်နာရီ၊ တနာရီခွဲ လောက်နားပြီး ရန်ကုန်ပြန်ထွက်မယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။ရထားမှတ်တိုင်ခရီးစဉ်များ အဖြစ် ပေါင်၊ သထုံ၊ ကျိုက်ထို ၊ သိမ်ဇရပ် ၊ ဝေါ နှင့် ပဲခူးဘူတာများတွင် ရပ်ရန် ကနဦးစီစဉ်ထားကြောင်းလည်း သိရသည်။ပြေးဆွဲမည့် DEMU မြန်နှုန်းမြင့် ရထားခရီးစဉ်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ခရီးသွားများသိရှိရန် ထုတ်ပြန်ပေးသွားမည်ဟုလည်း သိရသည်။
Jun 01 • 10:45 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 58 | 0 | 0 | 0 |


