ဇွန်လပထမ(၁၀)ရက်ပတ်အတွင်း ဧရာဝတီမြစ်ရေအ ပါအဝင် မြစ်ရေများ လက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်မှ (၇)ပေခန့်၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၁)ပေမှ (၃)ပေခန့်အထိ လက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်ကြောင်း သိရသည်။ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေး၀မြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၃)ပေမှ (၆)ပေခန့်အထိ လက် ရှိရေမှတ်များအထက်မြင့်တက်လာနိုင်ကြောင်း သိရသည်။
Jun 01 • 10:40 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 25 | 0 | 0 | 0 |


