back

ရှမ်းပြည်နယ်၊တောင်ကြီးမြို့နယ် ပေါမူကျေးရွာ၌ ဗုဒ္ဓပူဇနိယနှင့် ပအိုဝ်းရိုးရာ မီးရှူး (လူးဖိုင်ꩻ) ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

Jun 01 • 7:01 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊တောင်ကြီးမြို့နယ် ပေါမူကျေးရွာ၌ ဗုဒ္ဓပူဇနိယနှင့် ပအိုဝ်းရိုးရာ မီးရှူး (လူးဖိုင်ꩻ) ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ နန်းဟူးကျေးရွာအုပ်စု၊ ပေါမူကျေးရွာတွင် ၁၃၈၈ ခုနှစ် နယုန်လပြည့်နေ့ကို ဂုဏ်ပြုသည့် ဗုဒ္ဓပူဇနိယပွဲတော်၊ ပအိုဝ်းရိုးရာ...


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ နန်းဟူးကျေးရွာအုပ်စု၊ ပေါမူကျေးရွာတွင် ၁၃၈၈ ခုနှစ် နယုန်လပြည့်နေ့ကို ဂုဏ်ပြုသည့် ဗုဒ္ဓပူဇနိယပွဲတော်၊ ပအိုဝ်းရိုးရာ မီးရှူး(လူးဖိုင်ꩻ)ပွဲတော်နှင့်အတူ ပရိယတ္တိစာအောင် သံဃာတော်များနှင့် တက္ကသိုလ်ဝင်တန်း ဘွဲ့ရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုပေးပွဲ အခမ်းအနားကို မေလ ၃၀ ရက် နေ့လယ်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ခွန်ကြည် (အမှတ်-၁)၊ ခွန်ဆောင်းရွှေ (အမှတ်-၂)၊ တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းနှင့် ပွဲတော်ကျင်းပရေးကော်မတီ တာဝန်ရှိသူများ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ပွဲတော်ကာလအတွင်း ဗုဒ္ဓပူဇနိယပွဲတော်၊ ပဌာန်းအောင်ပွဲနှင့် ပအိုဝ်းရိုးရာ မီးရှူးပွဲတော် အထိမ်းအမှတ် အလှူပဒေသာပင်များကို စည်ကားလှပစွာ လှည့်လည်စီတန်းခဲ့ကြပြီး၊ ပင့်ကျောင်းသံဃာတော်များနှင့် ကျောင်းပေါင်း ၄၀ ကျော်မှ သံဃာတော်များအား ဖူးမြော်ကြည်ညိုကာ တရားတော်များ နာယူခဲ့ကြသည်။ ယခုပွဲတော်ကို ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားစေရန်၊ ပအိုဝ်းရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် စာအောင်သံဃာတော်များနှင့် လူငယ်မျိုးဆက်သစ် ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို နယုန်လပြည့်ကျော် ၁ ရက်နေ့တွင် ဂုဏ်ပြုအားပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

37