ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင် / ဆိပ်မူ ရပ်ကွက် (၁) အခြေခံပညာအထက်တန်းကျောင်းအနီးရှိ ပြည်သူ့အကျိုးပြု ကိုယ်ထူကိုယ်ထ တံတားကြီးသည် ဒေသခံပြည်သူများ၏ လူအား၊ ငွေအား၊ လုပ်အားများဖြင့် ဝိုင်းဝန်းတည်ဆောက်ခဲ့ကြရာ ယခုအခါတွင် (၁၀၀%) ရာခိုင်နှုန်းပြည့် ပြီးစီးသွားခဲ့ပြီဖြစ်သည်။ အဆိုပါ တံတားကြီးကို ဇွန်လ ၁ ရက် (ယနေ့) တွင် စတင်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သဖြင့် ဒေသခံမိဘပြည်သူများနှင့် ခရီးသွားလာသူများ အားလုံး ဘေးကင်းချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်ကြပြီ ဖြစ်သည်။ တံတားကြီး အောင်မြင်စွာ ပြီးမြောက်ရေးအတွက် စေတနာအလှူရှင်များနှင့် လူအားစိုက်ထုတ်ကုသိုလ်ယူခဲ့ကြသူများ အားလုံးကို မော်ကွန်းတင်ကျေးဇူးတင်ရှိကြောင်းနှင့် ခရီးသွားပြည်သူအပေါင်း ဘေးဘယာဝေးကွာကြပါစေကြောင်း ဒေသခံများက ဆုမွန်ကောင်းတောင်းထားကြသည်။
ကချင်ပြည်နယ်၊ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) အထကကျောင်းအနီးရှိ ကိုယ်ထူကိုယ်ထတံတားကြီး ရာခိုင်နှုန်းပြည့် ပြီးစီး၍ ဇွန်လ ၁ ရက်တွင် စတင်ဖွင့်လှစ်
Jun 01 • 4:59 AM
မြန်မာ
ကချင်
မျှဝေမည်
| 24 | 0 | 0 | 0 |


