back

ရှမ်းပြည်နယ်၊တောင်ကြီး မြို့မဈေးနေ့များတွင် အမျိုးသမီးများကို ပစ်မှတ်ထား၍ အုပ်စုလိုက် ခါးပိုက်နှိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

Jun 01 • 3:49 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊တောင်ကြီး မြို့မဈေးနေ့များတွင် အမျိုးသမီးများကို ပစ်မှတ်ထား၍ အုပ်စုလိုက် ခါးပိုက်နှိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ မြို့မဈေးကြီး၏ ဈေးနေ့များတွင် လူစည်ကားမှုကို အခွင့်ကောင်းယူကာ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများကို ပစ်မှတ်ထားသည့...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ မြို့မဈေးကြီး၏ ဈေးနေ့များတွင် လူစည်ကားမှုကို အခွင့်ကောင်းယူကာ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများကို ပစ်မှတ်ထားသည့် ခါးပိုက်နှိုက်မှုနှင့် အိတ်ဖြဲခိုးယူမှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် မေလ ၂၈ ရက် တောင်ကြီးဈေးနေ့က မြို့မဈေးအတွင်း ဈေးဝယ်နေသည့် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး၏ လွယ်အိတ်ကို ဓားဖြင့်ဖြဲကာ ငွေကျပ် ၄ သိန်းခွဲခန့်နှင့် မှတ်ပုံတင်များ ခိုးယူခံခဲ့ရသည့်အပြင်၊ အခြားအမျိုးသမီးတစ်ဦးလည်း ဈေးဝယ်နေစဉ် လက်ကိုင်ဖုန်းတစ်လုံး ခါးပိုက်နှိုက်ခံခဲ့ရသည်။ ဒေသခံများ၏ ပြောပြချက်အရ သူခိုးများသည် အုပ်စုဖွဲ့ကာ လူဝင်လူထွက်များပြားပြီး လူစည်ကားချိန်ကို အခွင့်ကောင်းယူ၍ အာရုံလွှဲကာ ခိုးယူနေကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဈေးဝယ်သူများအနေဖြင့် ငွေကြေးနှင့် အဖိုးတန်ပစ္စည်းများကို လုံခြုံစွာသိမ်းဆည်းရန်၊ လွယ်အိတ်များကို ရင်ဘတ်ရှေ့တွင်ထား၍ လက်ဖြင့် အမြဲကိုင်ဆောင်ထားရန်နှင့် လူစိမ်းများ အကြောင်းမဲ့ တိုးဝှေ့လာပါက အထူးသတိထားကြရန် ဒေသခံများက တိုက်တွန်းနှိုးဆော်ထားသည်။

news-view-count-icon

34