ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ အုတ်ပုံဆိပ်လမ်း၌ ဇွန်လ ၁ ရက် (ယနေ့) နံနက် ၇ နာရီခွဲခန့်တွင် ကားမီးလောင်မှုဖြစ်ပွားပြီး လူညပ်နေကြောင်း သတင်းရရှိသဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ်များ ချက်ချင်းထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၃၃ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် အသက်ဘေးစိုးရိမ်စရာမရှိသည့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ အမျိုးသားတစ်ဦးအား မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။ မိဘပြည်သူများအနေဖြင့် မီးလောင်မှုနှင့် အခြားရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ်များ ကြုံတွေ့ရပါက မီးသတ်ဦးစီးဌာန၏ အရေးပေါ်ဖုန်းနံပါတ် 191 သို့မဟုတ် ရန်ကုန်တိုင်းကွပ်ကဲမှုရုံးဖုန်း 09-445918191 တို့သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း အသိပေးထားသည်။




