back

ယနေ့ ဇွန်လ ၁ ရက်တွင် အခြေခံပညာကျောင်းများအားလုံး တစ်ပြိုင်တည်း စတင်ဖွင့်လှစ်

Jun 01 • 3:25 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ယနေ့ ဇွန်လ ၁ ရက်တွင် အခြေခံပညာကျောင်းများအားလုံး တစ်ပြိုင်တည်း စတင်ဖွင့်လှစ်

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းများကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဇွန်လ ၁ ရက် (ယနေ့) တွင် တစ်ပြိုင်...

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းများကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဇွန်လ ၁ ရက် (ယနေ့) တွင် တစ်ပြိုင်တည်း စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ကျောင်းတက်ချိန်များအနေဖြင့် KG တန်းမှ တတိယတန်း (Grade-3) အထိ မူလတန်းအဆင့်များကို နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီခွဲအထိ သတ်မှတ်ထားပြီး၊ စတုတ္ထတန်း (Grade-4) မှစ၍ အလယ်တန်းနှင့် အထက်တန်းအဆင့်များကိုမူ နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီခွဲအထိ သတ်မှတ်ထားသည်။ ယခုကျောင်းဖွင့်ရက်အတွက် ကျောင်းအပ်လက်ခံရေး သီတင်းပတ်ကို မေလ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ကာ ကျောင်းသား၊ ကျောင်းသူများကို ကြိုတင်ကျောင်းအပ်လက်ခံခဲ့ပြီး၊ ကျောင်းအပ်နှံချိန်တွင် ဗလာစာအုပ်၊ ခဲတံ၊ ဘောပင် အစရှိသည့် ကျောင်းသုံးစာရေးကိရိယာများကိုလည်း အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

news-view-count-icon

63