back

မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် ယနေ့နံနက်ပိုင်းက အဆောက်အအုံများ မီးလောင်မှုဖြစ်ပွားပြီး တစ်နာရီခွဲခန့်အကြာတွင် မီးငြိမ်းသွားခဲ့

Jun 01 • 3:23 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် ယနေ့နံနက်ပိုင်းက အဆောက်အအုံများ မီးလောင်မှုဖြစ်ပွားပြီး တစ်နာရီခွဲခန့်အကြာတွင် မီးငြိမ်းသွားခဲ့

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ် (၁၂) ရပ်ကွက်ရှိ အဆောက်အအုံများတွင် ဇွန်လ ၁ ရက် (ယနေ့) နံနက် ၁၂ နာရီ ၅၂ မိနစ်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း...

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ် (၁၂) ရပ်ကွက်ရှိ အဆောက်အအုံများတွင် ဇွန်လ ၁ ရက် (ယနေ့) နံနက် ၁၂ နာရီ ၅၂ မိနစ်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုဖြစ်ပွားရာသို့ မြင်းခြံခရိုင်၊ မြို့နယ်နှင့် နယ်မြေမီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များ ပူးပေါင်းကာ မီးငြှိမ်းသတ်ယာဉ်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။ အဆိုပါ ပူးပေါင်းငြှိမ်းသတ်မှုကြောင့် နံနက် ၂ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး၊ မီးစတင်လောင်ကျွမ်းရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးပမာဏတို့ကိုမူ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများက ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

34