၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် Grade-2 မှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောပိုးအိတ် အလုံးပေါင်း ၅၀၀ ကို "ထိုက်သူပန်" တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ မေလ ၃၀ ရက် (နယုန်လပြည့်နေ့) ညနေပိုင်းတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။"ထိုက်သူပန်" တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၏ ပဲ့ကိုင်ရှင်ဖြစ်သူ ဦးစိုးလှမြင့်က "ဒီတစ်ကြိမ်လှူတာက ၅ ကြိမ်မြောက်ပါ။ နှစ်တိုင်း အခုလို ကျောင်းဖွင့်ချိန်ရောက်ခါနီးတိုင်း လှူဒါန်းပေးတာပါ" ဟု ပြောကြားခဲ့သည်။
အဆိုပါကျောင်းသား၊ ကျောင်းသူများကို ကျောပိုးအိတ်များ လှူဒါန်းပေးခဲ့သည့်အပြင်၊ ယင်းနေ့ညပိုင်းတွင်လည်း "ထိုက်သူပန်" ယာဉ်လိုင်းဖြင့် လိုက်ပါစီးနင်းကြသည့် ခရီးသည်များကိုပါ ကျောပိုးအိတ်များ ထပ်မံမေတ္တာလက်ဆောင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


