back

ဒဏ်ရာရနေသည့် နေမာကို ကမ္ဘာ့ဖလားလူစာရင်းတွင် ရွေးချယ်ခဲ့မှုအပေါ် နောင်တမရကြောင်း ဘရာဇီးလ်နည်းပြ အန်ဆယ်လော့တီ ပြောကြား

Jun 01 • 2:21 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဒဏ်ရာရနေသည့် နေမာကို ကမ္ဘာ့ဖလားလူစာရင်းတွင် ရွေးချယ်ခဲ့မှုအပေါ် နောင်တမရကြောင်း ဘရာဇီးလ်နည်းပြ အန်ဆယ်လော့တီ ပြောကြား

ဘရာဇီးလ်အသင်း၏ နည်းပြဖြစ်သူ ကာလိုအန်ဆယ်လော့တီ (Carlo Ancelotti) က လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် အသင်းလူစာရင်းတွင် ဒဏ်ရာပြဿနာရှိနေသည့် တိုက်စစ်မှူး နေမာ...

ဘရာဇီးလ်အသင်း၏ နည်းပြဖြစ်သူ ကာလိုအန်ဆယ်လော့တီ (Carlo Ancelotti) က လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် အသင်းလူစာရင်းတွင် ဒဏ်ရာပြဿနာရှိနေသည့် တိုက်စစ်မှူး နေမာ (Neymar) ကို ထည့်သွင်းရွေးချယ်ခဲ့မှုအပေါ် တစ်စုံတစ်ရာ နောင်တရခြင်းမရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

နေမာသည် နောက်ဆုံးရရှိထားသည့် ဆေးစစ်ချက်မှတ်တမ်းများအရ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်ကိုပင် လွဲချော်ရန် သေချာသလောက်ရှိနေသော်လည်း၊ အန်ဆယ်လော့တီက ၎င်း၏နေရာတွင် အခြားကစားသမားတစ်ဦးနှင့် အစားထိုးသွားမည်မဟုတ်ဘဲ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရာဆီသို့ အတူခေါ်ဆောင်သွားမည်ဟု ဆိုသည်။ နေမာသည် ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့ကတည်းက အနားယူနေရခြင်းဖြစ်ပြီး၊ ဒဏ်ရာသက်သာရန် အနည်းဆုံး နှစ်ပတ်မှ သုံးပတ်ခန့်အထိ အချိန်ယူရမည်ဖြစ်သော်လည်း ပြီးခဲ့သည့်အပတ်က ထုတ်ပြန်ခဲ့သည့် ဘရာဇီးလ်အသင်း၏ အပြီးသတ်လူစာရင်းတွင် ရွေးချယ်ခြင်းခံခဲ့ရသည်။ယခုကဲ့သို့ ဒဏ်ရာရရှိထားပြီး ပွဲကစားနိုင်ရန် မသေချာသေးသည့် နေမာကို ရွေးချယ်ခဲ့မှုအပေါ် ဝေဖန်သုံးသပ်မှုများနှင့် မေးခွန်းထုတ်မှုများ ထွက်ပေါ်နေသော်လည်း၊ နည်းပြ အန်ဆယ်လော့တီကမူ နေမာအနေဖြင့် အုပ်စုအဖွင့်ပွဲကို မကစားနိုင်ခဲ့လျှင်ပင် နောက်ထပ်ကစားရမည့် အုပ်စုပွဲစဉ်များတွင် အသင်းအတွက် ပြန်လည်ပါဝင်ကစားပေးနိုင်လိမ့်မည်ဟု အပြည့်အဝမျှော်လင့်ထားကြောင်း သိရသည်။

news-view-count-icon

30