back

ပြည်တွင်းရှိဟိုတယ်နှင့် တည်းခိုခန်းများအားလုံး ဧည့်သည်စာရင်းအချက်အလက်စနစ် (GLIS) မဖြစ်မနေအသုံးပြုရန် တွန်းအားပေးကြပ်မတ်နေ

Jun 01 • 2:18 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းရှိဟိုတယ်နှင့် တည်းခိုခန်းများအားလုံး ဧည့်သည်စာရင်းအချက်အလက်စနစ် (GLIS) မဖြစ်မနေအသုံးပြုရန် တွန်းအားပေးကြပ်မတ်နေ

မြန်မာနိုင်ငံအတွင်းရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများအားလုံး ဧည့်သည်စာရင်းအချက်အလက်စနစ် (Guest List Information System - GLIS) ကို မဖြစ်မနေ အသုံးပြုနိုင်ရေးအတွက်...

မြန်မာနိုင်ငံအတွင်းရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများအားလုံး ဧည့်သည်စာရင်းအချက်အလက်စနစ် (Guest List Information System - GLIS) ကို မဖြစ်မနေ အသုံးပြုနိုင်ရေးအတွက် တွန်းအားပေး ကြပ်မတ်ဆောင်ရွက်နေကြောင်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။ အဆိုပါစနစ်ကို ဝန်ကြီးဌာန၏ လိုင်စင်ရဟိုတယ်၊ တည်းခိုရိပ်သာများနှင့် စည်ပင်သာယာရေးလိုင်စင်ရ တည်းခိုခန်းများအားလုံး မပျက်မကွက် အသုံးပြုကြရန် ဆောင်ရွက်နေခြင်းဖြစ်သည်။ ယခုကဲ့သို့ GLIS စနစ်ကို အကောင်အထည်ဖော်ရခြင်းမှာ ပြည်တွင်း၊ ပြည်ပခရီးသွားများ၏ တည်းခိုနေထိုင်မှု အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စုစည်းရရှိနိုင်ရန်၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများနှင့် စီမံကိန်းများ ချမှတ်ရာတွင် တိကျခိုင်မာသည့် စာရင်းအချက်အလက်များ အထောက်အကူရရှိစေရန်၊ ထို့ပြင် နည်းပညာအသုံးပြု၍ အစိုးရ၏ ဝန်ဆောင်မှုလုပ်ငန်းများ မြှင့်တင်ကာ ပုဂ္ဂလိကကဏ္ဍ လုပ်ငန်းဆောင်ရွက်မှုများကို လွယ်ကူအဆင်ပြေစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

53