back

ရခိုင်တွင် ရေသန့်စက်ရုံ ၄၆ ရုံရှိသည့်အနက် စံမီသည့်စက်ရုံ ၈ ရုံသာရှိကြောင်း FDA ထုတ်ပြန်

Jun 01 • 2:10 AM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်တွင် ရေသန့်စက်ရုံ ၄၆ ရုံရှိသည့်အနက် စံမီသည့်စက်ရုံ ၈ ရုံသာရှိကြောင်း FDA ထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၉ ခုမှ ရေသန့်စက်ရုံ ၄၆ ရုံကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန၏ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးဌာနခွဲ (FDA) က မေလအတွင်း ကွင်းဆင်းစစ်...

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၉ ခုမှ ရေသန့်စက်ရုံ ၄၆ ရုံကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန၏ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးဌာနခွဲ (FDA) က မေလအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာ စံမီသည့်စက်ရုံ ၈ ရုံသာရှိပြီး ကျန် ၃၈ ရုံမှာ စံမမီကြောင်း တွေ့ရှိခဲ့ရသည်။ စံမီသည့်စက်ရုံ ၈ ရုံမှာ ကျောက်တော်မှ F-5 နှင့် Water Star၊ မြောက်ဦးမှ Nie နှင့် King၊ မောင်တောမှ KNN၊ ရသေ့တောင်မှ Thant Myat နှင့် တောင်ကုတ်မှ ရွှေပြည်ရခိုင်နှင့် Zee Zan Taung တို့ဖြစ်ကြပြီး၊ စံမမီသည့် ၃၈ ရုံမှာ ကျောက်တော် (၁၀) ရုံ၊ မြောက်ဦး (၈) ရုံ၊ မင်းပြား (၄) ရုံ၊ မောင်တော (၄) ရုံ၊ မြေပုံ (၃) ရုံ၊ တောင်ကုတ် (၃) ရုံ၊ ဘူးသီးတောင် (၂) ရုံ၊ ရသေ့တောင် (၁) ရုံနှင့် ရမ်းဗြဲ (၁) ရုံတို့ ဖြစ်ကြသည်။ ဒေသခံများအနေဖြင့် လက်ရှိဈေးကွက်အတွင်း သောက်သုံးနေရသည့် ရေသန့်ဗူးအများစုတွင် pH 7 အာမခံချက်၊ FDA ထောက်ခံချက်နှင့် သက်တမ်းကုန်ဆုံးရက်များ ပါဝင်ခြင်းမရှိသော်လည်း အခြားရွေးချယ်စရာမရှိသဖြင့် ဝယ်ယူသောက်သုံးနေရကြောင်း သိရသည်။

news-view-count-icon

36