back

ပြည်တွင်း၌ကျပ် ၁,၀၀၀ တန် ထီစာအုပ် ဝယ်ယူခွင့်ရှိသူများ၏ အာမခံငွေကို ဇွန်လ ၁ ရက်မှစတင်၍ ပြန်လည်ထုတ်ပေးမည်

Jun 01 • 1:39 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း၌ကျပ် ၁,၀၀၀ တန် ထီစာအုပ် ဝယ်ယူခွင့်ရှိသူများ၏ အာမခံငွေကို ဇွန်လ ၁ ရက်မှစတင်၍ ပြန်လည်ထုတ်ပေးမည်

ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဓာနှစ်အတွက် ကျပ် ၁,၀၀၀ တန် ထီစာအုပ် ဝယ်ယူခွင့်ရရှိထားသူများ၏ အာမခံငွေကို ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အတွင်း ပြန်လည်ထုတ်ပေးသွားမည်ဖြ...

ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဓာနှစ်အတွက် ကျပ် ၁,၀၀၀ တန် ထီစာအုပ် ဝယ်ယူခွင့်ရရှိထားသူများ၏ အာမခံငွေကို ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အတွင်း ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။ ထီဝယ်ယူခွင့်ရရှိသူများသည် ကနဦးတွင် ပဋိညာဉ်စာချုပ်ချုပ်ဆိုကာ ထီစာအုပ်တစ်အုပ်လျှင် ကျပ် ၂၀၀ နှုန်းဖြင့် ၃ လစာအတွက် မိမိဝယ်ယူခွင့်ရှိသည့် ပမာဏအလိုက် အာမခံငွေများ ပေးသွင်းခဲ့ကြရခြင်းဖြစ်ပြီး၊ အဆိုပါစာချုပ်မှာ ယခုဘဏ္ဍာနှစ်ကုန်ဆုံးပြီဖြစ်၍ အာမခံငွေများကို ပြန်လည်ထုတ်ပေးခြင်း ဖြစ်သည်။ အာမခံငွေ ပြန်လည်ထုတ်ယူလိုသည့် ထီလုပ်ငန်းရှင်များအနေဖြင့် အောင်ဘာလေသိန်းဆုဌာနခွဲ (ဗဟိုအရောင်းဌာနစိတ်) တွင် ပေးသွင်းခဲ့သည့် အာမခံငွေချလန်မူရင်း/မိတ္တူ၊ စာချုပ်မူရင်းခွဲ၊ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း မူရင်း/မိတ္တူတို့နှင့်အတူ မိမိကိုယ်တိုင် ကျပ် ၃၀၀ တန် တံဆိပ်ခေါင်းကပ်၍ လျှောက်လွှာတင်သွင်းကာ ဇွန်လအတွင်း အောင်ဘာလေသိန်းဆုဌာနခွဲ ငွေစာရင်းဌာနစု၌ ထုတ်ယူနိုင်ကြောင်း အသိပေးကြေညာထားသည်။

news-view-count-icon

46