back

မြန်မာ-ဂျပန်နှစ်နိုင်ငံကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရန် မန္တလေး-ဂျပန်ပွဲတော်ကို ဇွန်လပထမပတ်အတွင်း မင်္ဂလာမန္တလေး၌ ကျင်းပမည်

Jun 01 • 1:38 AM

breaking-news

မြန်မာ

မန္တလေး

cover

မြန်မာ-ဂျပန်နှစ်နိုင်ငံကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရန် မန္တလေး-ဂျပန်ပွဲတော်ကို ဇွန်လပထမပတ်အတွင်း မင်္ဂလာမန္တလေး၌ ကျင်းပမည်

မြန်မာနှင့် ဂျပန် နှစ်နိုင်ငံအကြား ကုန်သွယ်မှုကဏ္ဍများ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် "မန္တလေး - ဂျပန်ပွဲတော်" ကို ဇွန်လ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ မင်္ဂလာမန္တလေး၌...

မြန်မာနှင့် ဂျပန် နှစ်နိုင်ငံအကြား ကုန်သွယ်မှုကဏ္ဍများ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် "မန္တလေး - ဂျပန်ပွဲတော်" ကို ဇွန်လ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ မင်္ဂလာမန္တလေး၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မြန်မာ-ဂျပန် မိတ်ဖက် စီးပွားရေးလုပ်ငန်းရှင်များအသင်း (MABA) မှ သိရသည်။ ယခုပွဲတော်ကို အသင်း၏ (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဆင်နွှဲခြင်းဖြစ်ပြီး၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (SMEs) ဈေးရောင်းပွဲတော်နှင့်အတူ ပူးတွဲကျင်းပသွားမည် ဖြစ်သည်။ ပွဲတော်အတွင်း SMEs ပြခန်းပေါင်း ၁၀၀ ကျော် ပါဝင်ပြသမည်ဖြစ်ရာ ကုန်ထုတ်လုပ်မှု၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ပြခန်းများ စုံလင်စွာ ပါဝင်မည် ဖြစ်သည်။ ယခုပွဲတော်ကို နှစ်နိုင်ငံယဉ်ကျေးမှု ချစ်ကြည်ရေးဖလှယ်ရန်၊ ထုတ်ကုန်ချင်း ချိတ်ဆက်၍ ကုန်သွယ်မှုမြှင့်တင်ရန်နှင့် ရင်းနှီးမြှုပ်နှံသူများအကြား စီးပွားရေးအဆက်အသွယ် (Business Matching) များ ပြုလုပ်နိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။ ထို့ပြင် ပွဲတော်ရက်များအတွင်း မြန်မာ-ဂျပန် နှစ်နိုင်ငံယဉ်ကျေးမှု အကအလှများ၊ မြန်မာ့ရိုးရာ ဆင်အက၊ ဂျပန်ရိုးရာ ဝတ်စားဆင်ယင်မှုများနှင့် မန္တလေးမြို့ခံများ၏ ခေတ် ၃ ခေတ် ဝတ်စားဆင်ယင်မှု ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်ဦးမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

50